KVA is that electric unit
ကီလိုဗို့ အင်ပီယာ ဆိုသည်မှာ ပါဝါ၏ ယူနစ်တစ်ခုပဲဖြစ်ပါတယ်
VA သည် ဗို့ အားနှင့် အင်ပီယာကို မြှောက်ခြင်းဖြစ်၍ P = VI ညီမျှ
ခြင်းအရ ပါဝါကိုဖော်ပြလိုခြင်း ဖြစ်ပါသည်။
သို့ သော် မမြှောက်ရသေးပါ ထိုသို့ ရေးသားခြင်းက ပို၍မှန်ကန်တဲ့
အနေအထားမှာ ရှိသောကြောင့် ဖြစ်ပါသည်။
တနည်းအားဖြင့် ရှင်းလင်းတင်ပြရသော်
1000 VA အပြည့်အဝအသုံးပြုနိုင်သော ထရန်စဖော်မာတစ်လုံး
သည် (1000 W) တစ်ထောင်ဝပ်အားရှိသော လျှပ်စစ်မီးဖိုကို စွမ်းအားပြည့် ဝန်ထမ်းနိုင်ပါသည်။ ထိုနည်းတူ 100W ရှိသော မီးလုံး
ဆယ်လုံးကိုလည်း ဝန်ထမ်းနိုင်မှာဖြစ်ပါတယ်။
ထိုသို့  ဝန်ထမ်းနိုင်ခြင်းမှာ လျှပ်စစ်မီးဖိုနှင့် မီးလုံးတို့ မှာ ပါဝါဖက်တာ
မရှိသော လျှပ်စစ်ပစ္စည်းများ ဖြစ်သောကြေင့် ဖြစ်ပါသည်။
အကယ်၍ အိမ်သုံး မီးချောင်း ပန်ကာ အဝတ်လျှော်စက် ရေခဲသေတ္တာ ရေတင်မော်တာ အစရှိသော လျှပ်စစ်ပစ္စည်းများသည်
နှစ်မျိုးပေါင်း သို့ မဟုတ် သုံးမျိုးပေါင်းမှ ဝပ်တစ်ထောင်ရှိသည် ယူဆ၍
၎င်း 1000VA တွင် အသုံးပြုသော် ဝန်ပိစွာထမ်းဆောင်ရ၍ ရေရှည်
တွင် ထရန်စဖော်မာ လောင်ကျွမ်းနိုင်ပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပါဝါဖက်တာရှိသော လျှပ်စစ်ပစ္စည်းများကြောင့်
ဖြစ်ပါသည်။ 1000VA ရေးသားထားသော မီးမြင့်စက်သည် ပါဝါ
ဖက်တာမရှိသော လျှပ်စစ်ပစ္စည်းများအတွက် 1000W အသုံးပြုနိုင်၍
ပါဝါဖက်တာရှိသော လျှပ်စစ်ပစ္စည်းများအတွက် 800W သာ အများ
ဆုံး အသုံးပြုနိုင်မည်ဟု ဆိုလိုရင်းဖြစ်ပါတယ်ခင်ဗျာ ။
ထို့ ကြောင့် လျှပ်စစ်ကို ထုတ်ပေးသော ဂျင်နရေတာ ထရန်စဖော်မာ
တို့ သည် များသောအားဖြင့် KVA ဖြင့်သာ ယူနစ်တပ်ကြ၍ လျှပ်စစ်ကို
အသုံးပြုသော ပစ္စည်းများတွင်သာ ဝပ်ကို အသုံးပြုပါသည်။
မော်တာတစ်လုံး၏ စွမ်းရည်(Efficiency) ကိုလိုက်၍ ပါဝါဖက်တာ
(Power Factor) သည် 0.8 မှ 0.9 အတွင်း ဖြစ်နိုင်ပါသည်။
အိမ်သုံးပျမ်းမျှ 0.7 ထား၍ ပါဝါဖက်တာယူကြသည်ဟု မှတ်သားခဲ့ဖူး
ပါသည်။ ထိုသို့ ဆိုလျှင်
Watt = V × I × pf
1000VA ဟု ရေးသားထားသောနေရာတွင် 700W ဟုသာ
ရေးသားရပေတော့မည် ဖြစ်ပါတယ်ခင်ဗျာ ။