ကျွန်တော် ခုဆို ခရစ်တို လောက ထဲ ၀င်လာတာ ၅ လ နည်းပါရှိလာဘီ. ဆုံးရှုံးမှုတွေ လည်း ရှိခဲ့သလို ရတာတွေ လည်း ရှိခဲ့ပါတယ်. ကျွန်တော် က ကွိုင်တွေ အပေါ်မှာ လည်း invest လုပ်တယ် ကိုယ်တိုင် လည်း mining လုပ်ပါတယ်. ကျွန်တော် အခုမိုင်းနင်း လုပ်တာ Ethereum ပါ. ခုတော့ အရင် လောက် ပြန်ခေတ်မကောင်းတော့ ဘူးဗျ. Price တွေ ကျတာလည်း ပါတယ်. ကျွန်တော့် သူငယ်ချင်းတွေ ထဲမှာ ကော မိုင်းနင်း လုပ်တဲ့ သူတွေ များပါမလားလို့. ပါရင် ကျွန်တော် တို့ ပြောလို့ရတာပေါ့ ကြားရတဲ့ သတင်း တွေ ဖလှယ်တာပေါ့. ကိုယ့်အထင် တွေ ပြောလို့ရတယ်. ကျွန်တော် ဆို ICO air drop တွေ လုပ်ဖြစ်တယ်. မဆိုးဘူး ထင်တယ်. နောက် ကျွန်တော် လည်း လေ့လာပြီး နဲနဲ စိတ်ချရတဲ့ ICO (initial coin offerings) တွေ ကို ပြောပြပါ့မယ်. အတူလက်တွဲကြစို့ သူငယ်ချင်းများ