ခေါင်းဆောင်မှုဆိုတာ ဖြစ်စဉ်တစ်ခုပါ။ရာထူးနေရာတစ်ခုမဟုတ်ပါဘူး။
ရာထူးနေရာကြောင့်နဲ့ ခေါင်းဆောင်မှုမှာ မကောင်းတဲ့အချက်တွေ ရှိပါတယ်။
ရာထူးအဆင့်ဆိုတာ ခေါင်းဆောင်မှုမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့အတွက် ဆိုးချက် အမြောက်အများရှိပါတယ်။
Manager;Supervisor ရာထူးဟာ သင့်ကို ခေါင်းဆောင်ဖြစ်ပြီလို့ပြောလိုက်တာ မဟုတ်ပါဘူး။
ခေါင်းဆောင်ဖြစ်လာဖို့ အခွင့်အရေးပေးလိုက်ခြင်းဖြစ်ပါတယ်။
ရာထူးနေရာကို အားကိုးသူတွေဟာ အဖွဲ့အစည်းအတွင်းမှာ အလှုပ်အခက်တွေ အရမ်းများပါတယ်။
အဲလိုလူတွေဟာ ရာထူးခေါင်းစဉ်တွေရဖို့ပဲ သူတို့ကြိုးစားကြပါ တယ်။
လုပ်ငန်းကောင်းကြိုးဆိုတာထက် သူတို့ရဲ့ရာထူးနေရာကိုကာကွယ်ဖို့အတွက်သာကြိုးစားကြခြင်းဖြစ်ပါတယ်။နောက်ထက် သူတို့တွေဟာ တာဝန်ထက် လုပ်ပိုင်ခွင့်ကိုဦးစားပေးကြပြီး အောက်လူတွေရဲ့
တန်ဖိုးကိုလျှော့တွက်တက်ကြပါတယ်။
ထိုသို့ ရာထူးဖြင့်ခေါင်းဆောင်မှုကြောင့် အောက်လက်ငယ်သားများ၏ စွမ်းဆောင်ရည်မှာ ခရီးတွင်မှုမရှိခြင်း အလုပ်ထွက်မှုများပြား
ခြင်းကြောင့် ထိုခေါင်းဆောင်မှာ အမြဲအထီးကျန်ဆန်နေရပါမယ်။
ထိုကြောင့် ခေါင်းဆောင်ကောင်းတို့သည် သင့်နောက်လိုက်တို့အပေါ် ရာထူးအာဏာနှင့်ခေါင်းဆောင်ခြင်းထက် သင့်နောက်လိုက်တို့အပေါ် ခွင့်ပြုခြင်း ပြုစုခြင်း မြေတောင်မြှောက်ပေးခြင်းတို့
ဖြင့် သူတို့၏လေးစားမှု အထင်ကြီးမှုတို့ကိုရယူကာ သင့်ရာထူးကြောင့်ရသောအဏာမဟုတ်ပဲ သင့်နောက်လိုက်များအပေါ် သြဇာညောင်းမည်ဖြစ်သည်။
အဏာနှင့် သြဇာသည် မတူညီပေ။
အဏာဆိုတာ ရာထူးရှိတုန်းပဲရတာ သြဇာကတော့ ယုံကြည် လေးစားမှုကြောင့်ရတာပါ