ဓါးကိုဖျက်တော့ ၀ါးမြတ် လူကိုဖျက်တော့အရက် ဆိုသကဲ့သို့ပင် အလွန်ထက်လှပါသည်ဆိုသော ဓါးသည် ၀ါးမြတ်
အား ခုတ်မိလေလျှင် များမကြာမှီပင် တုံးခြင်း လိပ်ခြင်း ကျိုးခြင်း ဖြစ်တက်လေသည်။ အလွန်တော်သော ရိုးသားဖြူစင်သော
ဂုဏ်သိက်ခါရှိသော လူသည် အရက်စွဲခြင်း ဖြစ်လေလျှင် တဖြည်းဖြည်းနှင့် ထုံသော အသော တုံးသော အသိမဲ့သော
သူအဖြစ်သို့ရောက်တက်လေသည် အရက်စတင်သောက်သုံးခြင်းအကြောင်းရင်းသည် အပြစ်တစ်ခုဟုမဆိုသာအောင်
ညင်သာသိမ်မွေ့စွာပင် သင့်ဘ၀ထဲသို့ စတင်ဝင်ရောက်လာပေလိမ့်မည်။ အထူးသဖြင့်စိတ်ညစ်လို့ ချစ်သူနဲ့ကွဲလို့
ပျော်ရွှင်ချင်လို့ အရက်သေစာကို ခဏတစ်ဖြုတ် စမ်းသပ်သောက် ကြည့်ရာကနေ စွဲသွားလို့အရက်သမားကြီး
လုံးလုံးဖြစ်သွားရသည့် သာဓက တွေများစွာရှိလေသည်