https://pixabay.com/illustrations/freedom-silhouette-woman-2053281/
ကော်ဖီတစ်ခွက်သောက်ရင်း ဆေးတစ်လိပ်ကို ရှိုက်ဖွာလို့ လောကဘောင်ထဲက ခဏလောက် လွတ်ထွက်နေလိုက်ရချိန်ဟာ တကယ့်ကိုအရသာရှိတဲ့ အခိုက်အတန့်ပေါ့
နေ့တွေညတွေကို စီမံလို့ရနေတယ်ထင်ခဲ့ပေမယ့် ကိုယ်တိုင်က နေ့ညတွေရဲ့ ချယ်လှယ်မှုအောက်မှာ တစ်ဘဝစာ ကုန်ဆုံးရမှာပါ
ရမှာလား မရဘူးလား မျှော်လင့်ချက်ကို လိမ်ညာမြှောက်ပင့်ရင်း ကြိုးစားနေရတာကလည်း ဝန်တာလေးလွန်းလှပါတယ်
အသိနုနယ်တဲ့ အတွေ့အကြုံမရှိ ယောင်အမ်းအမ်း လူတွေအတွက် တစ်ချို့နည်းနာနိသျတွေက အားဆေးမဖြစ်ခဲ့ဘူး အတားအဆီးတွေနဲ့ ထပ်မံပိတ်ဆို့လိုက်သလိုဘဲ
နောက်ဆုံးအဖြေကို သိသူကနည်းတယ်
တကယ်လို့ သိခဲ့ရင် မင်းအတွက် အချိန်တွေက သိပ်နောက်ကျသွားပြီလေ
အသုံးချခံအဖြစ်မျိုးဆိုတာ ပြန်တွေးလေတိုင်း ရင်မှာနာကျင်စေရနိုင်တယ်
ကျေးဇူးတရားဆိုတာ မင်းရှေ့မှာ အမြဲတမ်းကာဆီးခံထားရတဲ့ တံတိုင်းကြီးလိုဘဲ
အဲ့ဒီဟိုဘက်ကို ကျော်လွှားနိုင်ဖို့ သိပ်တော့မလွယ်ဘူး
အနှောင်အဖွဲ့ကင်းခြင်းဆိုတဲ့ အရသာကို ကော်ဖီတစ်ခွက် ဆေးတစ်လိပ်နဲ့ စိတ်ဖြေနေရတဲ့ သူတစ်ယောက် ရင်ထဲဘယ်လိုရှိမယ် မင်းမသိနိုင်ပါဘူး
ကိုယ်တိုင်ကြုံမှ သိနိုင်မယ်