ကမ္ဘာတဝန်းမှာ နားလည်ရခက်ပြီး ဟာသမြောက်တဲ့ ဥပဒေတစ်ချို့ရှိပါတယ်။ ဒီဥပဒေတွေထဲကမှ တချို့ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ပြင်သစ်တွင် အမျိုးသမီးများဘောင်းဘီရှည်ဝတ်ခြင်းမှာ တရားမဝင်
၁၇၉၉ ခုနှစ်တုန်းက ပြင်သစ်မှာ အမျိုးသမီးတွေအနေနဲ့ အများပြည်သူရှေ့မှောက်မှာ ဘောင်းဘီရှည်ဝတ်ခွင့် မရှိပါဘူး။ ဝတ်မယ်ဆိုရင်လည်း ရဲတွေရဲ့အထူးအတည်ပြုချက်ရမှာ ဝတ်ခွင့်ရှိပါတယ်။ ၁၈၉၂ ခုနှစ်ရောက်ချိန် မှာတော့ မြင်းစီးတဲ့အခါ အားကစားဘောင်းဘီတွေကို ဝတ်ခွင့်ပေးပါတယ်။ ၁၉၀၉ ခုနှစ်မှာတော့ စက်ဘီးစီးချိန် မှာ အမျိုးသမီးတွေကို ဘောင်းဘီရှည်ဝတ်ခွင့် ပေးပါတယ်။ နောက်ဆုံး ၂၀၁၃ ခုနှစ်ရောက်တဲ့အချိန်မှ ပြင်သစ် အစိုးရက ၂၁၄ နှစ်ကြာနေပြီဖြစ်တဲ့ ဒီဥပဒေကို ဖယ်ရှားပေးခဲ့ပါတယ်။
(၂) ဆော်ဒီမှာ အမျိုးသမီးတွေကို ကားမောင်းခွင့်မပြု
ဆော်ဒီဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကို ကားမောင်းခွင့်မပေးတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။
(၃) ထူးထူးဆန်းဆန်း ဥပဒေ
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်က ဥပဒေကတော့ ထူးဆန်းပါတယ်။ အကြောင်းကတော့ အဝတ်ကြိုးတန်း တစ်ခုတည်းမှာ အမျိုးသားနဲ့ အမျိုးသမီးအတွင်းခံဘောင်းဘီတွေကို အတူတူ လှန်းခွင့် မရှိပါဘူး။
(၄) လက်ထပ်ပြီးရင် ကွာရှင်းခွင့်မရှိ
ဖိလစ်ပိုင်နဲ့ ဗာတီကန်မှာဆိုရင်တော့ လက်ထပ်ပြီးရင် ကွာရှင်းဖို့ မစဉ်းစားပါနဲ့တော့။ ကမ္ဘာပေါ်မှာ လင်မယား ကွာရှင်းတာကို တရားမဝင်သတ်မှတ်ထားတဲ့နိုင်ငံဆိုလို့ ဒီနှစ်နိုင်ငံပဲ ရှိပါတယ်။
(၅) ဗိုက်မပြည့်ရင် မပေးနဲ့
ဒိန်းမတ်နိုင်ငံဟာ နေချင့်စဖွယ်ကောင်းတဲ့ နိုင်ငံပါပဲ။ နေချင့်စဖွယ်ကောင်းသလို ထုတ်ထားတဲ့ ဥပဒေတစ်ခုကလည်း ချစ်စရာပါပဲ။ စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်ခုခု မှာစားပြီဆိုပါတော့၊ မှာစားသူရဲ့စိတ်ထဲမှာ ဗိုက်မပြည့်ဘူးလို့ ထင်မြင်ယူဆရင် ပိုက်ဆံပေးစရာမလိုပါဘူးတဲ့။ ဆိုလိုတာကတော့ ဗိုက်မပြည့်ဘူးလို့ စားသုံးသူက ယူဆရင် ငွေမရှင်းဘဲ ထထွက်သွားလို့ ရပါတယ်။
(၆) ပါလီမန်ထဲ မသေရ
ဗြိတိန်မှာ ပါလီမန်အမတ်ဖြစ်ပြီဆိုရင် ပါလီမန်ထဲ မသေအောင် ဂရုစိုက်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီလိုသေဆုံးတာကို တရားမဝင်ကြောင်း သတ်မှတ်ထားလို့ပါ။ မကြာသေးခင်ကမှ ဒီဥပဒေကို ပြန်ပြီး ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။
(၇) ပီကေမဝါးရ
စင်ကာပူမှာနေရင်တော့ ပီကေဝါးလို့မရပါဘူး။ စင်ကာပူမှာ ပီကေကိုလည်း တင်သွင်းခွင့်၊ ရောင်းချခွင့် မရှိပါဘူး။ တကယ်လို့ တွေ့ခဲ့ရင် ဒေါ်လာ ၅၀၀ ဒဏ်ငွေရိုက်ခံရမှာ ဖြစ်ပါတယ်။
ref wow box app
source photo www.google.com