LOVE မေတ္တာရှင်
❇❇❇❇❇❇❇❇
Richness answered. "No, I can't. There is a lot of gold and silver in my boat. There is no place here for you."
Read more on original source: http://boardofwisdom.com/togo/Quotes/ShowQuote?msgid=30698#.WYPmzBwn7Fo
Photos copied from google
တစ်ခါတုန်းက စိတ်ခံစားမှုတွေ စုပေါင်းနေထိုင်ကြတဲ့ ကျွန်းတစ်ကျွန်းရှိခဲ့ပါတယ်။ ကျွန်းပေါ်မှာ ချစ်ခြင်းမေတ္တာ အပါအဝင် ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ အသိပညာ စသဖြင့် ခံစားမှုတွေအားလုံး နေထိုင်ကြတယ်ပေါ့။
တစ်နေ့မှာတော့ အဲဒီခံစားမှုတွေဆီကို ကြေငြာချက်တစ်ခု ရောက်လာပါတယ်။ ကြေငြာချက်က "ဒီကျွန်းလေးဟာ ရေမြုပ်ကိန်းကြုံလိမ့်မယ်၊ ဏာကြောင့် လှေတွေတည်ဆောက်ပြီး အားလုံး ထွက်ခွာသွားရမယ်" တဲ့။
ချစ်ခြင်းမေတ္တာကတော့ ကျွန်းလေးပေါ်မှာ နောက်ဆုံးအချိန်ထိ နေထိုင်သွားမယ်ဆိုပြီး ဘာမှလုပ်ဆောင်ခြင်းမရှိဘူးတဲ့။
အဲဒီလိုနဲ့ တစ်ကျွန်းလုံး ရေမြုပ်တော့မယ့်အချိန်ရောက်တော့မှ ချစ်ခြင်းမေတ္တာကလည်း ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး အကူအညီလိုက်တောင်းပါတော့တယ်။
ချစ်ခြင်းမေတ္တာဟာ ချမ်းသာကြွယ်ဝခြင်းရဲ့ လှေကြီးအနားကိုသွားပြီး အကူအညီတောင်းတယ်။ "ချမ်းသာခြင်းရေ၊ ငါ့ကို သင်တို့နဲ့အတူခေါ်သွားပေးပါလား" လို့ပြောလိုက်တယ်။ ချမ်းသာခြင်းက ပြန်ဖြေတယ်။ "ငါ မင်းကို မခေါ်နိုင်ပါ၊ ငါ့ရဲ့လှေထဲမှာ ရွှေငွေတွေ အမြောက်အများ ပါလာတဲ့အတွက် မင်းအတွက်နေရာမရှိဘူး" လို့ ပြောလိုက်တယ်။
ဒါနဲ့ မေတ္တာရှင်ဟာ လှေလေးလှလှကလေးနဲ့ ဖြတ်သွားတဲ့ မာနရှင်ကို အကူအညီတောင်းပြန်တယ်။ မာနရှင်ကလည်း "မခေါ်နိုင်ဘူး မေတ္တာရှင်ရေ၊ မင်းက တစ်ကိုယ်လုံး ရွှဲရွှဲဆိုနေတဲ့အတွက် ငါ့လှေလှလှလေး ပျက်စီးသွားလိမ့်မယ်" လို့ ပြန်ပြောလိုက်တယ်။
နောက်တစ်ခါ ဝမ်းနည်းပူဆွေးမှုက ဖြတ်သွားပြန်တော့ "ဝမ်းနည်းပူဆွေးမှုရေ၊ ငါလည်း လိုက်ပါရစေလား" လို့ မေတ္တာရှင်က အကူအညီတောင်းပြန်တယ်။ ဝမ်းနည်းပူဆွေးမှုက "အို မေတ္တာရှင်ရေ၊ ဒီလို ဝမ်းနည်းပူဆွေးနေရတဲ့ အချိန်မှာ ငါတစ်ယောက်တည်းနေပါရစေ" လို့ ပြောသွားပြီး မခေါ်ပြန်ပါဘူး။
ပျော်ရွှင်ချမ်းမြေ့ခြင်းဖြတ်သွားတော့ အကူအညီလှမ်းတောင်းပေမဲ့ သူ့အသံကို မကြားနိုင်လောက်အောင် ပျော်ရွှင်နေပြန်တော့ အကူအညီမရလိုက်ပြန်ဘူး။
အဲဒီအချိန်မှာပဲ အသံတစ်သံ သူကြားလိုက်တယ်။ "မေတ္တာရှင်ရေ၊ ဒီလာဟေ့၊ ငါမင်းကို ခေါ်သွားပေးမယ်" တဲ့။ သူလှမ်းကြည့်လိုက်တော့ အသက်အရွယ်ကြီးရင့်နေပြီး သူမသိတဲ့သူတစ်ယောက်ဖြစ်နေတယ်။ မေတ္တာရှင်ဟာ ဒီလိုနဲ့ပဲ ဘေးအန္တရယ်ကင်းတဲ့ ကျွန်းလေးတစ်ကျွန်းဆီရောက်သွားတဲ့အခါ ခုနက သူ့ကို ကူညီပေးခဲ့သူဟာ ဘယ်သူလဲဆိုတာ သူသိချင်လာတယ်။ အဲဒီသူက အေးအေးဆေးဆေး သူ့ဖာသာသူထွက်သွားတော့ မေတ္တာရှင်က မမေးလိုက်ရဘူး။
ဒါနဲ့ မေတ္တာရှင်က အသိပညာရှင်ကို သွားမေးတယ်။ "ခုနက ကျွန်တော့်ကို ကူညီပေးခဲ့သူဟာ ဘယ်သူပါလဲ"
"အဲဒါ အချိန် ဆိုတဲ့ ပုဂ္ဂိုလ်လေ" လို့ အသိပညာရှင်က ပြန်ဖြေလိုက်တယ်။
"အချိန်၊ ဟုတ်လား၊ သူက ကျွန်တော့်ကို ဘာကြောင့် အကူအညီပေးရတာလဲ"
အသိပညာရှင်က ပြုံးရင်း အလေးအနက် ပြန်ဖြေလိုက်တာကတော့ "အော်၊ ဒါကတော့ အချိန်သည်သာပဲ မေတ္တာရဲ့ တန်ခိုးနဲ့ တန်ဖိုးကို သဘောပေါက်သိထားတယ်လေ" တဲ့။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။