About Myself
🙋🙋🙋🙋🙋
✨ You can only go as far as you push.✨
Since my student days, I have been doing guide work ; sometimes paid, usually gratis.
It was usually an order I couldn't refuse.
Later I moved through various jobs, professions and voluntary work and duties during my adult life.
But all the time I was a guide at heart and guiding visitors, be they - native or foreigners, remained my passion.
In 2,000, I returned to my first love: teaching as a private teacher.
Teaching and guide work are two sides of the same coin.
In teaching, you give information to young people in the form of knowledge and skill.
In guide work we give information in the scenes and presentations.
In both cases, we have to make our audience interested in what we are saying.
Their wide-eyed enthusiasm keeps me pulling along.
Each day of death deferred is each day of active and productive life.
Living for others is a pleasure which can only be enjoyed but cannot be described.
May you Steemit members be happy and healthy in life.
Photos are collected from google.
ကျွန်တော့်အကြောင်း
✌✌✌✌✌✌✌✌✌✌✌
✨ သင်တွန်းသလောက်သာ သင်ရွေ့လျားလိမ့်မည်။✨
ကျွန်တော် ကျောင်းသားဘဝကပင် ဧည့်လမ်းညွှန်လုပ်ငန်းကို လုပ်ကိုင်လာခဲ့ပါသည်။ တစ်ခါတစ်ရံ ပိုက်ဆံရပေမဲ့ အများအားဖြင့်တော့ ဆရာတို့က ခိုင်းသဖြင့် မေတ္တာဖြင့် ကူညီခဲ့ရတာပါ။ ငြင်းလို့ကလည်း မဖြစ်နိုင်သည်ကိုး။ စေတနာ့ဝန်းထမ်းရော လခစားအလုပ်ပါ မျိုးစုံလုပ်ကိုင်ရင်း ဧည့်လမ်းညွှန်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါသည်။
(၂၀၀၀) ခုနှစ်မှာ အမြတ်နိုးဆုံး ပထမအလုပ်ဖြစ်သည့် စာပေသင်ကြားခြင်းအလုပ်ကို ကိုယ်ပိုင်နည်းပြဆရာအဖြစ် ပြန်ဝင်လုပ်ပါတယ်။ စာပေသင်ကြားခြင်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်းမှာ ဒင်္ဂါးတစ်ပြားမှ ခေါင်းနှင့်ပန်းသဖွယ် ခွဲခါး၍မရသော လုပ်ငန်းနှစ်မျိုးဖြစ်ပါသည်။ တပည့်တို့ကို စာသင်ပေးရာတွင် သူတို့ကို အသိကြွယ်ဝစေရန်နှင့် ကျွမ်းကျင်မှုကို ပေးရသည်။ သူတို့ စိတ်ဝင်စားအောင် သင်ကြားရသည်။ ဧည့်လမ်းညွှန်အနေဖြင့် ဧည့်သည်များကို ရှင်းပြရာတွင် သူတို့ စိတ်ဝင်စားအောင် အထူးဂရုပြုရပါသည်။
မျိုးဆက်သစ်ကလေးတို့ အငမ်းမရ ပညာလိုချင်သော၊ တောင့်တသော မျက်နှာလေးတွေကို မြင်နေရခြင်းက အသက်ရှည်စေပါသည်။ တစ်ရက်အသက်ရှင်ရလျှင် တစ်ရက်တန်ဖိုးရှိနေရသောဘဝကို ရရှိစေပါသည်။ သူတစ်ပါးအတွက် အသက်ရှင်ရသော အရသာကို ပြောပြ၍မရပါ။ ခံစားကြည့်မှသာ သိနိုင်တာပဲကိုး။
Steemit အဖွဲ့သားများ ဘဝမှာ ကျန်းမာ၊ပျော်ရွှင်ကြပါစေ။