အမေ
လူမှန်းစသိကတည်းက
ကျနော့်အမေဟာ သူ့အတွက် အက်ျီ အသစ်ဝယ်တာ သိပ်မတွေ့ဖူးခဲ့ဘူး.😔
ဘယ်တော့မှ ကျနော်တို့ထက်အရင်ထမင်းမစားနှင့်ဘူး.😔
အမေနေကောင်းလားလို့ ကျနော်တို့မောင်နှမတွေအမေ့ကိုတစ်ခါမှမမေးမိဘူးအမေ😔
ငွေလိုလို့ခဏခဏချွတ်ပေါင်ခဲ့တဲ့အမေ့နားကပ်လေးရဲ့တန်ဖိုးက သားဒီတစ်သက်ဆပ်တောင်မကျေပါဘူးအမေ 😞
အမေတို့အိမ်မှာ စားစရာရှိတာမရှိိတာထက် သားအတွက် ကျူရှင်ဖိုးအရင်ပေးလိုက်တာကျနော့်အမေပါ
ငါ့သားကြီး အတွက် ဆိုတဲ့ အမေ့ရဲ့အသံတွေ အမေနဲ့ဝေးမှ သားကြားမိတာအမေရေ ...
အမေ့ဘဝတစ်လျှောက်လုံး အေးချမ်းတယ်လို့မရှိအောင်ပဲ ဒုက္ခတွေပေးခဲ့မိတယ်အမေရယ်😔
သားတို့မောင်နှမ၆ယောက်ကို အမေနဲ့အဖေ ရှာကျွေးနိုင်တယ် ဒါပေမယ့်သားအကြီးဆုံးကျနော် မိန်းမရသွားခဲ့တော့ အမေတို့ကို မရှာကျွေးနိုင်တော့တာ အခါခါ ယူကျုံးမရဖြစ်မိပါတယ်အမေ ဒါပေမယ့်အမေ သားတနေ့နေ့အမေတို့ကိုထောက်ပံ့နိုင်အောင်ကြိုးစားနေပါတယ်အမေ...
အဖေနဲ့အမေက မိဘပီသခဲ့ကြပေမယ့်
သားက သားကောင်းမပီသခဲ့လို့ ခွင့်လွှတ်ပါအမေ
အမေ့သားကြီး အခုလိမ္မာနေပြီအမေရေ
အမေတို့နဲ့ တသက်လုံးနေရဖို့ သားကြိုးစားမှာပါ
အဆင်ပြေတဲ့တစ်နေ့နေ့ပေါ့
ခုနေများတော့ အမေရေ
၆၆မီးတွေနဲ့ လောင်မြိုက်နေတဲ့
အမေ့သားက
အမေတို့ကို မထောက်ပံ့နိုင်ပေမယ့် သားရင်ထဲမှာအမေနဲ့အဖေ ရှိပါတယ်
အဝေးတစ်နေရာကအဖေနဲ့အမေကိုသိပ်လွမ်းမိတယ်ဗျာ တခါတလေဝမ်းနည်းမိတယ် ငါတော်တော်မိုက်ခဲ့ပါလားလို့
တချိန်ကပေါ့ ကျနော့်ကိုအပြစ်ရှိလို့အဖေကရိုက်တော့
အဖေ့ကို လက်လွန်မယ်ဘာညာနဲ့
အမေကဝင်ဆွဲပေးတာလေ အမှတ်ရနေဆဲပါအမေ ......
အဖေ
ကျနော့်အဖေဟာ အသက်၄၅လောက်မှ ဘဝက ၁က ပြန်စရသလိုပါ.
ဘာဖြစ်လို့လဲဆိုတော့ သူက စစ်သားတစ်ယောက်ပါ ရောဂါအခြေအနေအရ တာဝန်ထမ်းဆောင်ရန်မသင့်ပြီမို့ တပ်က ထွက်လိုက်ရပါတယ်
ရောဂါတွေနိပ်စက်လို့ တပ်က ထွက်ခါနီး အဖေ့မျက်လုံးတွေအသားတွေ ဝါထိန်နေတဲ့အဖေ့ကို
သနားမိတယ်အဖေ
ကံကောင်းစွာနဲ့တပ်ကထွက်မှ အဖေ့ရောဂါတွေ သက်သာသွားလို့ ဝမ်းသာမဆုံးဖြစ်ရပေမယ့်အဖေရယ်
အဖေလုပ်နေတဲ့အလုပ်ကြမ်းတွေက တပ်ကထက် ပင်ပန်းတယ်ဆိုတာသားနားလည်ပါတယ်အဖေ
အဖေနဲ့အတူမိသားစုဝမ်းရေးအတွက် အလုပ်တွေလုပ်ခဲ့ရစဥ်က သားညီးငြူခဲ့မိတယ်အဖေ.
တချိန်က အလုပ်မှာ အဖေနဲ့စကားများပြီး သားက အိမ်ကိုစိတ်ဆိုးပြီးထပြန်တော့ လမ်းမှာဆိုင်ကယ်ချောက်ထဲကျတဲ့သတင်းဖုန်းဝင်လာလို့ သူ့သားပြုတ်ကျတယ်ထင်ပြီး ဖိနပ်ကျွတ်နဲ့ အရူးတပိုင်းလိုပြေးလာတဲ့အဖေ😞😔
အဖေသားပေါ်ကိုထားတဲ့မေတ္တာတွေ သားမြင်ခဲ့ပါပြီ
ဒါပေမယ့် အဖေတို့ကို မပြုစုနိုင်တော့တဲ့အတွက် အကြိမ်ကြိမ် နောင်တရမိပါတယ်
အမေနဲ့အဖေရေ
သားဆိုးခဲ့မိုက်ခဲ့သမျှ ခွင့်လွှတ်ပေးခဲ့ကြတယ်နော် သားအမေနဲ့အဖေကို
အဝေးတနေရာကနေ ဒီစာလေးနဲ့
ရှိခိုးဦးချ ကန်တော့လိုက်ပါတယ်ဗျာ
ကာယံကံ ဝစီကံ မနောကံ တွေနဲ့ ပြစ်မှားကျူးလွန်ခဲ့တာရှိရင် သားကို ခွင့်လွှတ်ပါ