![IMG_20180510_232939.png]
ရယ်ပြုံးတာနဲ့ ပတ်သက်ရင်
နားလည်မှုလွဲတာနဲ့ ကြုံလာတဲ့အခါ ခပ်ဟဟ ရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုး ဖြစ်တယ်။
မှားယွင်းမှုနဲ့ ကြုံရတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။
အကျိုးမဲ့စေတာနဲ့ ကြုံတဲ့အခါ ခပ်ပျော်ပျော် ရယ်နိုင်တာက ရက်ရောခြင်းတစ်မျိုး ဖြစ်တယ်။
ရှေ့မတိုး နောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံရတဲ့အခါ ကိုယ့်ကိုယ်ကို ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။
အပျက်အစီးဒုက္ခနဲ့ကြုံရတဲ့အခါ စိတ်အနှောက်အယှက်ကင်းကင်း ရယ်နိုင်တာက သဘောထားကြီးခြင်းဖြစ်တယ်။
မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။
အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက ချုပ်ချယ်မှု ကင်းနည်းဖြစ်တယ်။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဘယ်လိုအကြောက်မျိုးနဲ့ဖြစ်ဖြစ် နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။
ပျော်ရွှင်ခြင်းနဲ့ပတ်သက်ရင်
ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဂေါ်လီလုံးနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ပြန့်ကျဲနေတယ်
အဲ့ဒီဖန်ဂေါ်လီကို လူတစ်ချို့က များများကောက်တွေ့တယ်။ တစ်ချို့က နည်းနည်းလေးကောက်တွေ့တေ။ တစ်ချို့က လုံးဝကောက်မတွေ့ဘူး။ လက်ရှိအခြေအနေမှာ တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းက ကိုယ်နဲ့ တစ်သက်လုံးရှိနေပါတယ်။
လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းရမှန်းမသိဘဲ ဆုံးရှုံးသွားမှ နှမြောတဿ ... ဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲ့ဒီလိုဘဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတစ်ချို့က သေဆုံးချိန်မှ လက်လွတ်ကြရတယ်။
()