သင့်ကိုယ်သင်ထူမပြီး ဒီအရာတွေကနေ သင်ယူနိုင်ပါတယ်။
သင့်ရဲ့အမာရွတ်တွေကို ”ငါ့ကို ငါ့ဘဝရဲ့ နာကျင်မှုတွေက အခုလိုပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် ပြင်ဆင်ပေးတယ်။
ယခု ငါဘာဖြစ်ဖြစ် ရင်ဆိုင်နိုင်ပြီ” လို့ပြောပြနေတဲ့ရွှေတံဆိပ်ဆု တစ်ဆုလို ဂုဏ်ယူစွာ ဝတ်ဆင်ပြသနိုင်ပါတယ်။
မည်သူမှာမ ပြည့်စုံတဲ့ဘဝမရှိသလို မည်သူ့မှာမလည်းရှိလာမဟုတ်ပါဘူး။
သင့်ဘဝရဲ့ ကျိုးပဲ့ကြေမွခြင်းခဲ့တဲ့ အမာရွတ်တွေကို ပိုမိုလှပစေတဲ့ ရွှေနဲ့ ပြန်ဆက်ဖို့က သင့်ရွေးချယ်မှုပါ။
သင့်ဘဝမှာဖြစ်ခဲ့တဲ့အရာတွေအတွက် မရှက်ပါနဲ့။
သင့်ဘဝမှာ ဖြစ်လာသမျှသော အရာရာတိုင်းဟာ ဖြစ်သင့်လို့ဖြစ်လာတဲ့ အရာတွေကြီးပါ။