မတတ်သာလို့ တေ့တေ့ဆိုင်ဆိုင်ကြုံရင် အကောင်းဆုံးဆက်ဆံပေးလိုက်ပါ။ ဒါပေမယ့် ကိုယ့်ဘက်ကစပြီး ဆက်သွယ်တာမျိုးမလုပ်ပါနဲ့။ သူတို့က သင့်ကိုလာပတ်သက်ရင်လည်း အပြုအမူပိုင်းဆိုင်ရာအားဖြင့် အကောင်းဘက်ကဆက်ဆံပေးလိုက်ပါ။ ဥပမာ ။သင့်ကို အကူအညီလာတောင်းတာကို သင်ငြင်းမယ်ဆိုရင်တောင် “အားနာလိုက်တာ…မမရယ် ၊ ညီမမှာလည်း အဆင်မပြေလို့ပါ၊ ဘယ်လိုမှမထင်ပါနဲ့နော်။ အဆင်ပြေရင် ကူညီပေးချင်ပါတယ်” စသဖြင့် ယဉ်ကျေးမှုနဲ့ ယဉ်ကျေးစွာငြင်းပယ်တာမျိုးပေါ့။ ငြင်းလို့ ကိုယ့်ကိုယ်စိတ်ကွက်ရင်တောင် သင်ကယဉ်ကျေးစွာဆက်ဆံထားတဲ့အတွက် သူ့အလွန်သာဖြစ်သွားမှာပါ။ ဒါပေမယ့် သူကစပြီး မပတ်သက်ရင်တော့ သင်လည်း နှုတ်ဆက်ပြုံးပြရုံ၊ ထမင်းစားရေသောက်မေးထူးခေါ်ပြောရုံသာ ဆက်ဆံပေးရာကနေ တဖြည်းဖြည်း ရှောင်လိုက်ပါ။