သြော်
ည ညတွေမှာလင်းလက်နေတဲ့လမင်းကြီးက
နေ့ခင်းဘက်မှာလင်းတဲ့ နေမင်းကြီးကိုအားကျနေတယ်.
သြော်
ဖောက်ပြန်ပျက်ဆီး ရာသီကြီးလို
ပြောင်လိုက် ဟောင်လိုက် လဲလိုက်
အမဲကြိုက်တဲ့တောခွေးတွေနဲ့ခပ်ဆင်ဆင်
အပြုံးမပျက်ပဲ နှုတ်ဆက်တယ်
သိပ်မကြာဘူး
ဇာတိသွေးပြလို့
အရွက်တွေခါချ နွေသဘာဝတဲ့လား
ကြွေကာကောက် ပန်ကာဆင်ပေး
ခရေ ပန်းလို ထာဝရအမြဲ
သစ္စာတော်တွဲမယ်ဆို
တကယ်လို့သာ
မိုးတွေသာ ရွာမယ်ဆိုရင်
မောင်ဘယ်လိုနေမလဲ
ဆောင်နှင်းဖွေးဖွေးလို
အေးမျှမှုအမြဲမရှိတာ ခွင့်လွတ်ပါနော်
တူနစ်ကိုယ် ကြည်နှူးစွာနမ်းရှိုက်ခဲ့တဲ့
ချစ်ပန်းလေးတွေဟာ အချိန်ကြာလာတာနဲ့
နှလုံးသားတစ်ခုလုံး သေစေနိုင်တဲ့
အလွမ်းဆိုတဲ့ အဆိပ်ပန်းလေးအဖြစ်
တစ်ဆတစ်ဆနဲ့ ပြောင်းလဲလာတဲ့အခါ
နှလုံးသားကို မြစ်ဖျားခံရင်း
အဝေးကြည့်လှမ်း၍ ငေးကာ ဆွေးကာ
ငေးမောနေပါအုံးမည်.........
photo credit from google image