ကောင်လေးတွေအကြောင်းကို ပြောပြရရင်တော့ သူတို့ဟာ ဘဝကိုတစ်ယောက်တည် ဖြတ်သန်းပြီးတဲ့နောက် သူတို့နဲ့အတူ
အဖော်အမွန်နဲ့ ကောင်းတူ ဆိုဖက်ဖြတ်သန်းချင်လာကြတယ်။
သူတို့ဘဝအတွက် ပိုပြီးသာ ပျော်ရွှင်တယ်လို့ထင်မြင် ယူဆတတ်ကြတယ်။တကယ်တော့ သူတို့ဟာ အချစ်အတွက်နဲ့ ကောင်မလေးတွေထက် ပိုပြီးဘဝကို ရုန်းကန်လှုပ်ခဲ့ရသူတွေပါ။
အချစ်မှာသူတို့ဟာ ပိုပြီးပြတ်သားတယ်လို့ ကျွန်မယူဆမိတယ်။သေချာတာကတော့ သူတို့အချစ်မှာ ခွန်အားတွေ ပါဝင်နေတယ် ဆိုတာပါပဲ။ဒါပေမယ့် သူတို့ဟာ ကောင်မလေးတွေလိုပဲအချစ်ကို စူးစမ်း လေ့လာစမ်းစစ်တတ်ကြပြန်တယ်။ကောင်လေးတွေ အကုန်လုံးကိုတော့ မပြောလိုပါဘူးလို့ပါဘူးလို့တော့ညကျွန်မအနေဖြင့် ပြေလိုက်ပါရစေ။
ကောင်မလေးတွေကချစ်တဲ့အချစ်ကို ပြောရရင်တော့ ကောင်မလေးတွေဟာ သာမန်အားဖြင့်ဆိုရရင် အလွန်ရိုးရှင်း သိမ်မွေ့တဲဲ့သူတွေပါ။သူတို့ဟာ အချစ်ကို ကောင်လေးတွေထက် ပိုပြီးခံစားလွယ်ပါတယ်။အချစ်ကို ခံစားလွယ်သလောက် ဖွင့်ဟ ပြောဆိုဖို့ အရမ်းခက်ခဲနေတတ်သူတွေပါ။သူတို့အချစ်ဟာ အမှုအယာတွေပေါ်မှာပဲ ဖြစ်တည်နေတယ်။အတွင်းသဘောထားတွေကြတော့ သူတို့ရဲ့ စိတ်ဓါတ်တွေပေါ်မှာပဲ မူတည်နေတယ်။ကောင်မလေးတွေဟာ ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားစွာ ချစ်မိသွားရင် သူတို့ရဲ့ ရိုးရှင်းတည်ငြိမ်မှုကြောင့် အချစ်ကို ကြိတ်ပြီးခံစားနေတတ်ကြပါတယ်။သူတို့ဟာ ကောင်လေးတွေစိတ်စားလာအောင် ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှအပတွေကို ပိုပြီးမြင်သာအောင် တန်ဆာဆင် ပြုပြင်လာကြတယ်။အလှအပတွေကို ပိုပြီးမက်မောလာကြတယ်။သူတို့ဟာ ကိုယ့်အပေါ် မှာ တကယ်နားလည် ခွင့်လွတ်တတ်တဲ့သူနှင့် ကိုယ့်အပေါ်မှာ သစ္စာရှိတဲ့သူတွေကို ရှာဖွေလာတတ်ကြတယ်။အဲ့ဒီလိုမှ မရတော့တဲ့အဆုံးမှာ သူတို့ဟာ နှလုံးသားကို ထိန်ချုပ်ပြီး ခံစားချက်ပေါင်းများနဲ့ ကိုယ်ယုံကြည်ရာကို အသက် သိက္ခာနဲ့ရင်းပြီး လျှောက်လမ်းတက်တဲ့သူတွေပါ။အမှန်တကယ်တော့ သူတို့ဘဝတစ်ခုလုံးအတွက်ဘအားကိုးရာကို ရှာဖွေနေကြသူတွေပါ။မိန်ကလေးအားလုံးကိုတော့မပြောလိုပါဘူးဟု ပြောဆိုရင်းဖြင့် ရေးသားတင်ပြလိုက်ပါတယ်။