‘အကြွင်းမဲ့ နှလုံးသား’
ကောင်လေးက ကောင်မလေးအချစ်ကို စမ်းတဲ့အနေနဲ့ ကိစ္စတစ်ခုကို လုပ်ဖို့ စိန်ခေါ်လိုက်တယ်။
အဲဒါဘာလဲဆိုရင် ကောင်လေးပြောတာက…
‘ ချစ်…ကိုမရှိဘဲ တစ်ရက်လောက်နေနိုင်မလား…ကို့ကိုလည်း လုံးဝမဆက်သွယ်ဘဲနဲ့ပေါ့’
‘ အင်းကိုကို…ချစ် စိန်ခေါ်တယ် စမ်းကြည့်မယ်လေ’
ဒီလိုနဲ့ ကောင်မလေးက လည်းသဘောတူလက်ခံလိုက်ပြီး သူ့ချစ်သူဆီကို တစ်ရက်လုံး မဆက်သွယ်ဘဲ နေလိုက်တယ်။
အဲဒီနေ့မှာပဲ သူ့ချစ်သူကောင်လေးက ကင်ဆာရောဂါနဲ့ ဆုံးသွားတာကိုလည်းသူ မသိလိုက်ဘူး ဖြစ်သွားတယ်။
နောက်နေ့လည်းရောက်ရော ကောင်မလေးက သူ့ချစ်သူကောင်လေးဆီကို စိတ်လှုပ်ရှားစွာနဲ့သွား ခဲ့ပါတယ်။
ကောင်လေးအိမ်လည်း ရောက်ရော အိပ်ရာပေါ်မှာ မလှုပ်မယှက်လဲလျောင်းနေတဲ့ သူ့ကောင်လေးရဲ့ အသက်မဲ့တဲ့ ခန္ဓာကိုယ်ကို တွေ့လိုက်ရတဲ့အခါ မျက်ရည်မဆယ်နိုင် ငိုကြွေးပါတော့တယ်။
ကောင်လေးက ကောင်မလေးအတွက် စာတစ်စောင်ချန်ထားခဲ့ပါတယ်…
‘ ချစ်..မင်းတကယ်လုပ်နိုင်ခဲ့ပါပြီ…ကိုယ်မင်းနားမှာမရှိနိုင်တော့တဲ့ အခြားနေ့တွေလည်း ဒီလိုမျိုး နေနိုင်ပါစေနော်… အရမ်းချစ်တယ်ဘေဘီ’