့(သစ္စာ ရှိနေပါ့မယ်)
ချစ်သူ***
နင်ရဲ့အကျင့်က
ရေလာ မြောင်းပေး လုပ်တတ်တယ် ဆိုရင်လဲ
နင့်ကို ချစ်တဲ့ ငါက
အိုင်တွေ့တိုင်း ခြေမဆေးတတ်ပါဘူးဆိုတာ
နင် သိထားပေးပါ
ငါက သစ္စာရှိပါတယ်****
ချစ်သူ****
နင်က မြွေဟောက်လို လျှာနှစ်ခွ နဲ့
ကြောက်စရာ ကောင်းလောက်အောင်
လှည့်စားတတ်သူဆိုရင်လဲ
နင့်ကို ချစ်နေတဲ့ ငါက
ငါးရံ့နှစ်ကောင် ဖမ်းမယ့်
လူစားမျိုး မဟုတ်ပါဘူး
နင် တစ်ယောက်တည်းကိုပဲ
သစ္စာ ရှိစွာနဲ့ ချစ်နေမဲ့သူ့ပါနော်****
ချစ်သူ***
နင်က ငါးစိမ်းမြင်လို့ 
ငါးကင်ကို ပစ်တတ်တယ်ဆိုရင်လဲ
နင့်ကို ချစ်တဲ့ငါ က
ပေ တစ်သီး ကျီး တစ်သားဆိုသလို
သစ္စာ တရား လက်ကိုင်ထားလို့ 
ငါ့နှလုံးသား ရှင်သန်နေသ၍
နင်ကိုပဲ မပြောင်းလဲပဲ
အပယ်ခံ ဘဝနဲ့
ဆက်ချစ်နေမဲ့ သူ့ပါ***