ကိုယ့္အတြက္ပဲၾကည့္တတ္သူ
တစ္ခါတုန္းက ဝံပုေလြ တစ္ေကာင္ဟာ သားေကာင္ကို အငမ္းမရ
စားရင္း လည္ေခ်ာင္းထဲမွာ အ႐ိုးတစ္ေခ်ာင္းကန္႔လန္႔ခံသြားတယ္။
အ႐ိုးကို အန္ထုတ္လို႔လည္းမရ၊ မ်ိဳခ်လို႔လည္း မရတာေၾကာင့္ လည္ေခ်ာင္းမွာ
နာက်င္တဲ့ေဝဒနာ ခံစားေနရ တဲ့အျပင္ ေနာက္ထပ္ ဘာအစားအေသာက္မွ
ထပ္ စားလို႔မရေတာ့တဲ့အတြက္ ဆာေလာင္မူ့ ေဝဒနာကိုပါခံစားေနရတယ္။
ဒါနဲ႔ ဝံပုေလြဟာ သူ႔လည္ေခ်ာင္းထဲ ကန္႔ လန္႔ခံေနတဲ့အ႐ိုးကို ထုတ္ေပးႏိုင္မယ့္
သတၲဝါကို စဥ္း စားၾကည့္လိုက္ေတာ့ ႀကိဳးၾကာငွက္ကို စဥ္းစားမိပါ တယ္။
ႀကိဳးၾကာငွက္ဟာ ႏႈတ္သီးကလည္း ရွည္၊ လည္ပင္းကလည္း ရွည္တာမို႔
သူ႔လည္ေခ်ာင္းထဲ ကို ႏႈတ္သီး ထိုးသြင္းၿပီး အ႐ိုးကို ဆြဲထုတ္ေပးလို႔ ရႏိုင္တယ္လို႔
ေတြးမိလိုက္တယ္။ ဒါနဲ႔ သူဟာ ႀကိဳးၾကာ ငွက္ရွိရာကို သြားၿပီး ေတာင္းပန္ အကူအညီတယ္။
“အေဆြ ကြ်ႏု္ပ္ကို ကူညီပါ၊ ကြ်ႏု္ပ္ရဲ႕ လည္ေခ်ာင္းထဲမွာ အ႐ိုးတစ္႐ိုး ကန္႔လန္႔ ခံေနတာမို
႔ မစားႏိုင္မေသာက္ႏိုင္ျဖစ္ေနတာျကာပာျပီ၊ သင့္ ႏႈတ္သီးနဲ႔ ကိုက္ၿပီး ဆြဲထုတ္ေပးရင္
ရႏိုင္ပါ တယ္၊ အဲဒီအ႐ိုးသာ ထြက္သြားရင္ ကြ်ႏု္ပ္က သင့္ကို ေက်းဇူးဆပ္ပါ့မယ္”
ဝံပုေလြရဲ႕ေတာင္းပန္မူ႔ေၾကာင့္ ႀကိဳးၾကာငွက္က ဝံပုေလြကို ပါးစပ္ဟခိုင္း လိုက္ပါတယ္။
သူ႔ရဲ႕ ရွည္လ်ားတဲ့ႏႈတ္သီးနဲ့ေသးသြယ္တဲ့လည္ပင္းကို ဝံပုေလြ ရဲ႕ အာေခါင္ကတစ္ဆင့္
လည္ေခ်ာင္းထဲ ထိုးသြင္း ၿပီး ကန္႔လန္႔ခံေနတဲ့အ႐ိုးကို ကိုက္ခ်ီဆြဲထုတ္ေပး လိုက္တယ္။
ဝံပုေလြလည္း ေဝဒနာ ေပ်ာက္ကင္း သြားတာမို႔ ဝမ္းသာအားရ ျဖစ္သြားတယ္။ ႀကိဳးၾကာ
ငွက္ကို ေက်းဇူးတင္စကားေျပာၿပီး ျပန္လွည့္အထြက္ .. ႀကိဳးၾကာငွက္က ေနာက္ကေန
လွမ္းေမး တယ္။ “အေဆြ အသင္ေျပာေတာ့ အ႐ိုး ထြက္သြားရင္ ကြ်ႏု္ပ္ကို ေက်းဇူးဆပ္မယ္ဆို၊
ဘာျဖစ္လို႔ လွည့္ထြက္သြားတာလဲ” ဒီေတာ့ ဝံပုေလြက ေနာက္ကို ျပန္လွည့္ၾကည့္ ၿပီး
ေျပာလိုက္ပါတယ္။ “အသင္ ကြ်ႏု္ပ္ အသင့္ကိုေက်းဇဴးဆပ္ခ့ဲျပီးပါၿပီ၊ ကြ်ႏု္ပ္ရဲ႕
အာခံတြင္းထဲ ေရာက္လာတဲ့ သင့္ဦးေခါင္းကို ကိုက္မျဖတ္ဘဲ ထားလိုက္တာ
ေက်းဇူးဆပ္တာပဲေပါ့၊ အသင္ ့ ကို သတ္ျဖတ္မစားသြား တာကိုပဲ ဝမ္းသာပါေတာ့”
ကိုယ့္အက်ိဳးသာ ၾကည့္ၿပီး သူတစ္ပါးအတြက္ ထည့္မစဥ္းစားေပးတ့ဲ ဝံပုေလြနဲ႔
အလားသဏၭာန္တူလူေတြ ေပါ ပါတယ္။ အဲဒီလိုလူမ်ိဳးေတြ နဲ႔ၾကံဳရင္ ေနာက္ထပ္ဒုကၡေပး
မသြားတာကို ပဲ ကိုယ္ကျပန္ ဝမ္းသာရပါလိမ့္မယ္။ ေနာက္ထပ္အထူး သတိထား ဆက္ဆံရမွာျဖစ္ပါတယ္
< Unicode Version >
တစ်ခါတုန်းက ဝံပုလွေ တစ်ကောင်ဟာ သားကောင်ကို အငမ်းမရ
စားရင်း လည်ချောင်းထဲမှာ အရိုးတစ်ချောင်းကန့်လန့်ခံသွားတယ်။
အရိုးကို အန်ထုတ်လို့လည်းမရ၊ မျိုချလို့လည်း မရတာကြောင့် လည်ချောင်းမှာ
နာကျင်တဲ့ဝေဒနာ ခံစားနေရ တဲ့အပြင် နောက်ထပ် ဘာအစားအသောက်မှ
ထပ် စားလို့မရတော့တဲ့အတွက် ဆာလောင်မူ့ ဝေဒနာကိုပါခံစားနေရတယ်။
ဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့် လန့်ခံနေတဲ့အရိုးကို
ထုတ်ပေးနိုင်မယ့်သတ္တဝါကို စဉ်း စားကြည့်လိုက်တော့ ကြိုးကြာငှက်ကို
စဉ်းစားမိပါ တယ်။ ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်၊ လည်ပင်းကလည်း
ရှည်တာမို့ သူ့လည်ချောင်းထဲ ကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ်ပေးလို့
ရနိုင်တယ်လို့ တွေးမိလိုက်တယ်။ ဒါနဲ့ သူဟာ ကြိုးကြာ ငှက်ရှိရာကို သွားပြီး
တောင်းပန် အကူအညီတယ်။ “အဆွေ ကျွနု်ပ်ကို ကူညီပါ၊ ကျွနု်ပ်ရဲ့
လည်ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့် ခံနေတာမို့ မစားနိုင်
မသောက်နိုင်ဖြစ်နေတာကြာပာပြီ၊ သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ်ပေးရင်
ရနိုင်ပါ တယ်၊ အဲဒီအရိုးသာ ထွက်သွားရင် ကျွနု်ပ်က သင့်ကို ကျေးဇူးဆပ်ပါ့မယ်”
ဝံပုလွေရဲ့တောင်းပန်မူ့ကြောင့် ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ်ဟခိုင်း လိုက်ပါတယ်။
သူ့ရဲ့ ရှည်လျားတဲ့နှုတ်သီးနဲ့သေးသွယ်တဲ့လည်ပင်းကို ဝံပုလွေ ရဲ့ အာခေါင်ကတစ်ဆင့်
လည်ချောင်းထဲ ထိုးသွင်း ပြီး ကန့်လန့်ခံနေတဲ့အရိုးကို ကိုက်ချီဆွဲထုတ်ပေး
လိုက်တယ်။ ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။
ကြိုးကြာ ငှက်ကို ကျေးဇူးတင်စကားပြောပြီး ပြန်လှည့်အထွက် .
. ကြိုးကြာငှက်က နောက်ကနေ လှမ်းမေး တယ်။ “အဆွေ အသင်ပြောတော့
အရိုး ထွက်သွားရင် ကျွနု်ပ်ကို ကျေးဇူးဆပ်မယ်ဆို၊ ဘာဖြစ်လို့
လှည့်ထွက်သွားတာလဲ” ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့် ပြီး ပြောလိုက်ပါတယ်။
“အသင် ကျွနု်ပ် အသင့်ကိုကျေးဇူးဆပ်ခဲ့ပြီးပါပြီ၊ ကျွနု်ပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့
သင့်ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာပဲပေါ့၊ အသင် ့ ကို
သတ်ဖြတ်မစားသွား တာကိုပဲ ဝမ်းသာပါတော့”
ကိုယ့်အကျိုးသာ ကြည့်ပြီး သူတစ်ပါးအတွက် ထည့်မစဉ်းစားပေးတဲ့
ဝံပုလွေနဲ့ အလားသဏ္ဌာန်တူလူတွေ ပေါ ပါတယ်။ အဲဒီလိုလူမျိုးတွေ
နဲ့ကြုံရင် နောက်ထပ်ဒုက္ခပေး မသွားတာကို ပဲ ကိုယ်ကပြန် ဝမ်းသာရပါလိမ့်မယ်။
နောက်ထပ်အထူး သတိထား ဆက်ဆံရမှာဖြစ်ပါတယ်