အတွေးဟူသည်အများထင်သကဲ့သို့လျှို့ဝှက်သိမ်းဆည်း၍ရသောအရာမဟုတ်။ အတွေးသည်အကျင့်အဖြစ်သို့လျင်မြန်စွာကူးပြောင်း၏။ အကျင့်မှတစ်ဆင့်လူ၏ ဘ၀အခြေအနေများအဖြစ်ထင်ရှားပေါ်ထွက်လာပေသည်။ ဆိုးသွမ်းယုတ်ညံ့သော အတွေးအကြံတို့ကြောင့်သေသောက်ကျူးခြင်း။ ကာမဂုဏ်လွန်ကဲခြင်းအကျင့်များရရှိလာပြီး ယင်းမှတစ်ဆင့် စီးပွါးပျက်ခြင်း၊ ရောဂါ ဘယခံစားရခြင်းအခြေအနေများဖြစ်ပေါ်၏။ မစင်ကြယ်သောအတွေးအကြံမှန်သမျှသည်လူးအားမသေချာ မရရာသောအကျင့်၊ အချိန်ကုန် လူပင်ပန်းသောအကျင့်များရရှိစေပြီး ယင်းတို့ကြောင့် အကျိုးစီးပွါးဆုတ်ယုတ်သည့်အနေအထား အမျိုးမျိုးဖြစ်ပေါ်စေသည်။