
လူတစ်ယေက်သည်အချို့ ကိစ္စရပ်များ၌ရိုးသား၏။ သို့သော်ချို့တဲ့နွမ်းပါးလျက်ရှိ၏။ တစ်ယောက်သောသူကားအချို့ကိစ္စရပ်များ၌မရိုးသား၊ သို့သော်ကြွယ်ဝချမ်းသာ၏။
ဤသူနှစ်ယောက်ကိုကြည့်ကာ တစ်ယောက်ကား ရိုးသားဖြောင့်မတ်သောအကြောင်းကြောင့်မအောင်မမြင်ဖြစ်ရ၍ တစ်ယောက်မှာမူ မရိုးသားခြင်းကြောင့်ပင်အောင်မြင်ကြီးပွါး၏ ဟုကောက်ချက်ချမိတတ်ကြပါသည်။ ဤသည်မှာအပေါ်ယံကြောကောက်ချက်ဖြစ်၏။
အချို့ကိစ္စ၌မရိုးသားကြောင်း မိမိသိဖူးခဲ့သူအား အလုံးစုံမရိုးသားသူ၊ အချို့ကိစ္စ၌ ရိုးသားကြောင်း မိမိသိခဲ့ဖူးသူအားအလုံးစုံ ရိုးသားသူဟူ၍ တစ်စွန်းတစ်စ အသိဖြင့်ဆွဲယူသုံးသပ်မိလိုက်ခြင်းကြောင့်ဖြစ်၏။
သို့သော်တကယ် နက်နက်ရှိုင်းရှိုင်း စူးစမ်းစိစစ်မှုပြုမည်ဆိုပါက အပေါ်ယံကြောသုံးသပ်ချက်မှာမှားယွင်းကြောင်း အထောက်အထားများတွေ့လာရပေမည်ဖြစ်သည်။