
ဒုက္ခဆင်းရဲသည်လူ၏ စိတ်အဆောက်အအုံအတွင်းအသုံးမ၀င်သောအရာ၊ မသန့်ရှင်းမစင်ကြယ်သောအရာမှန်သမျှကိုလောင်ကျွမ်းဖယ်ရှင်းပေးနိုင်စွမ်းရှိပေသည်။ဒုက္ခဆင်းရဲ၏ အကြောင်းအရင်းကိုရှင်းလင်းစွာမြင်သော် စိတ်နှလုံးသန့်စင်သူဖြစ်လာပေမည်။
ထိုအခါ လျှော်သစ်ပြီးသော သိင်္ဂီရွှေစင်၌ အညစ်အကြေးကင်းစင်ဘိသကဲ့သို့၊စိတ်နှလုံးသန့်စင်သူ အသိညဏ်အမြင် လင်းပြီးသူ၌လည်းဒုက္ခဆင်းရဲလာစရာအကြောင်းကိုမရှိတော့ပါ။
အနေအထားတစ်ရပ်၌ လူတစ်ယောက်ဒုက္ခဝေဒနာခံစားရခြင်းသည်။ သူ၏ စိတ်အဆောက်အအုံအတွင်းမညီညွှတ် မမျှတခြင်းကြောင့်ဖြစ်ရခြင်းဖြစ်ပေသည်။
အနေအထားတစ်ရပ်၌ လူတစ်ယောက်ချမ်းသာသုခကိုခံစားရခြင်းသည်ကား သူ၏ စိတ်အဆောက်အအုံအတွင်းသန့်ရှင်းစင်ကြယ်ညီညွှတ်မျှတခြင်းကြောင်းဖြစ်ရခြင်းဖြစ်ပေသည်။