ဤအချက်ကိုလူတိုင်းကိုယ်ပိုင်အတွေ့အကြုံအားဖြင့်သိမြင်နိုင်၏။ မည်သူမဆိုအတွင်းစိတ်ကိုစနစ်တကျလှန်လှောစိစစ်ခြင်း၊မိမိကိုယ်ကိုစိတ်ဖြာသုံးသပ်ခြင်းများအားဖြင့် ဤအချက်ကိုလွယ်လင့်တကူ စူးစမ်းဖေါ်ထုတ်နိုင်သည်သာဖြစ်၏။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် မိမိ၏ အတွေးအကြံများကို အခြေခံကျကျ ပြောင်းလဲပစ်လိုက်မည်ဆိုပါစို့။ သူဘ၀၌ ဆက်စပ်ပတ်သက်နေသည့်ရုပ်ဝတ္ထုအနေအထားများသည်လည်း ရုတ်ခြည်း လျှင်မြန်စွာပြောင်းလဲသွားသည်ကိုအံ့သြဖွယ်သူတွေ့ရှိရမည်ဖြစ်၏။