မကောင်းသောအတွေးအကြံတို့ကြောင့်အကြောက်တရားများ၊သံသယလွန်ကဲခြင်းများ၊ ဒွိဟများခြင်းအတွေးများကမူ ကြံ့ခိုင်မှုနည်းသော၊ ဂုဏ်သိက္ခာ ယုတ်လျော့သော၊ တိကျပြတ်သားခြင်းကင်းသော အမူအကျင့်များ ရရှိစေပြီး ယင်းတို့ကြောင့် မအောင်မြင်မှု၊နိမ့်ပါးနုံချာမှု၊သူတစ်ပါးထံမှီခိုအားထားရမှုများဖြစ်ပေါ်စေသည်။ပျင်းရိဖင့်နွှဲ့မှုနှင့်ယှဉ်သောစိတ်အတွေးအကြံများသည် သန့်ရှင်းစင်ကြယ်ခြင်းကင်း၍ မရိုးဖြောင့်သော အမူအကျင့်များရရှိစေပြီး ယင်းတို့ကြောင့် ညစ်ထေးပေကျံ၍ စုတ်ချာညိုးနွမ်းသော အနေအထားများဖြစ်ပေါ်စေသည်။