သူတစ်ပါးအပေါ် ရန်လိုမုန်းတီး၍ပုတ်ခတ်ပြစ်တင်ချင်တတ်သော စိတ်အတွေးတို့သည် တစ်ဖက်သားအားစွပ်စွဲပြောဆိုတတ်၊အကြမ်းပတမ်းပြုတတ်သည့် အမူအကျင့်များရ ရှိစေပြီး ယင်းတို့ကြောင့်ဒဏ်ရာအနာတရများနှင့် စိတ်ကိုဖိစီးနှိပ်စက်သောအနေအထားများဖြစ်ပေါ်စေ၏။ တစ်ကိုယ်ကောင်း ဆန်သောအတွေးအကြံမှန်သမျှကား ကိုယ်ကျိုးကိုသာရှာဖွေသောအကျင့်များရရှိစေပြီး ယင်းကြောင့် နောင်တွင်စိတ်ညစ်ညူးရသောအနေအထားများဖြစ်ပေါ်စေပါသည်။