(5) Z-10
No.5နေရာရယူထားတာကတော့ တရုတ်ကထုတ်တဲ့ Z-10 တိုက်ခိုက်ရေးရဟတ်ယာဉ်ပဲဖြစ်ပြီး
ရဟတ်ယာဉ်ဒီဇိုင်းကို မြင့်မားသော နည်းပညာများဖြင့် ပေါင်းစပ်တီထွင်ထုတ်လုပ်ထားပါတယ်...Anti-tank Missionများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Air to Air တိုက်ခိုက်ခြင်းများအတွက်လည်း စွမ်းဆောင်တိုက်ခိုက်နိုင်ပါတယ်...ရဟတ်ယာဉ်ရဲ့ Cockpitကို သေသေချာချာ ကာကွယ်ပေးထားပြီး Night Vision မြင်နိုင်တဲ့ လေကာမှန်များကို တပ်ဆင်ပေးထားပါတယ်...millimeter wave radarများလည်းတပ်ဆင်ထားပါတယ်...
Z-10မှာပါဝင်တပ်ဆင်နိုင်တဲ့ လက်နက်များအနေဖြင့် 30mm cannon,HJ-9 Anti tank guided missiles,HJ-10 Anti tank missiles,TY -90 Air to Air missileများတပ်ဆင်ထားပါတယ်...ဒါ့အပြင် Revolver, Chain, Automatic Gunsများလည်းတပ်ဆင်ထားပြီး Unguided Rocket podsများလည်းတပ်ဆင်နိုင်ပါတယ်...
4.Eurocopter Tiger
The Eurocopter Tiger လို့အမည်တွင်တဲ့ရဟတ်ယာဉ်ဟာ ဂျာမနီတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး 2003ခုနှစ်စတင်မိတ်ဆက်ခဲ့ပါတယ်...Stealth(ကိုယ်ပျောက်)နည်းပညာစနစ်အသုံးပြုထားပြီး အခြားသောနည်းပညာများလည်းပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် ငုင်းအတွက်
ဘေးအန္တာရယ် ပိုမိုကင်းရှင်းပါတယ်...Tigerဟာ တိုက်ခိုက်ခြင်း နှင့် ပစ်ကူပေးခြင်းတွေမှာ ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်...တိုက်ခိုက်ရေးအပိုင်းအနေဖြင့် Anti tank guided trigat (or) HOT 3,unguided rocketများ Stringer rocketsများအသုံးပြုတိုက်ခိုက်နိုင်ကာ အနီအောက်ရောင်ခြည်ရှာဖွေရေးစနစ် တပ်ဆင်ထားပါတယ်...ပစ်ကူပေးတဲ့အပိုင်းမှာတော့ 30mm cannon,unguided missile, Mistral ari to air missile များအသုံးပြုတိုက်ခိုက်နိုင်ပါတယ်...ပြင်သစ်၊ သြစတေးလျ နှင့် စပိန်တပ်မတော်တို့မှာလည်း Tigerကိုအသုံးပြုလျက်ရှိပါတယ်...
3.Bell Ah-1Z Viper
Bell Ah-1Z Viper ဟာ Blade 4 ခု ၊အင်ဂျင် 2လုံးတပ်ဆင်ထားတဲ့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြစ်ပါတယ်...US Armyမှာ ငုင်းကို 2010ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပါတယ်...ကုန်းရေနှစ်သွယ်စစ်ဆင်နိုင်ပြီး Day / Nightအခြေအနေမျိုးစုံမှာ မောင်းနှင်နိုင်ပါတယ်...
ဆိုးဝါးနေတဲ့ ရာသီဥတုအခြေအနေမှာတောင် မောင်းနှင်နိုင်တယ်လို့သိရပါတယ်...Cockpitမှာလေကာမှန်တွေကို Night Visionပြည့်ပြည့်ဝဝ အသုံးပြုလို့ရအောင်တပ်ဆင်ပေးထားပါတယ်...Ah-1Zမှာ မြင်တာလွန် ရှာဖွေခြင်း နှင့် အတည်ပြုခြင်း များလုပ်ဆောင်နိုင်အောင်တပ်ဆင်ထားပါတယ်...ဒါ့အပြင် အနီအောက်ရောင်ခြည်ဖြင့် ရှာဖွေလို့မရအောင်လည်း ထပ်မံတပ်ဆင်ထားပါတယ်...အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်တွင် air to air missile, Guided rockets, flares, M-197 20mm cannon နှင့် အပိုဆီတိုင်ကီများ တပ်ဆင်ထားပါတယ်...Target sight system နှင့် third generation FLIRစနစ်များတပ်တပ်ဆင်ထားပါတယ်
2.Mil Mi-28
၂၀၀၉ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ရုရှားတပ်မတော်မှ တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးဖြစ်ပါတယ်...ရဟတ်ယာဉ်ရဲ့ Cockpitကို titanium armored နှင့် Screenတစ်ခုလုံးကို ဒုံးကျည်ဒဏ်ခံနိုင်အောင် ကာကွယ်ထားပါတယ်... crewတွေအတွက် အရေးပေါ်လွတ်မြောက်နိုင်တဲ့စနစ် ရဟတ်ယာဉ်မှာထည့်သွင်းတည်ဆောက်ထားပါတယ်...တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေအနေနဲ့ 30-mm two barrel cannon,laser guided rockets,anti tank guided missile နှင့် unguided rocketsများတပ်ဆင်ထားပါတယ်...2200hp ရှိတဲ့ အင်ဂျင်ကို တပ်ဆင်ထားပြီး
နေ့/ည မရွေး, လေထုအခြေအနေအမျိုးမျိုးမှာ
စစ်ဆင်နိုင်ပါတယ်...
1.Boeing AH-64D Apache
Blade 4ခု, စွမ်းအားပြည့်ဝလှတဲ့ twin turboတပ်ဆင်ထားတဲ့ အမေရိကန်တပ်မတော်ရဲ့ ကမ္ဘာ့အကောင်းဆုံးရဟတ်ယာဉ်တစ်စီးပဲဖြစ်ပါတယ်... Apache ရဟတ်ယာဉ်တွေကို 1986 ခုနှစ်မှစပြီး ယနေ့တိုင် အမေရိကန်စစ်တပ်မှာ အသုံးနေဆဲဖြစ်ပါတယ်...ရှေ့နောက်ထိုင်ခုံနှစ်ခုပါသော Cockpitပါရှိပြီး Longbow fire Control Radar
တပ်ဆင်ထားပါတယ်...M230 30mm sigle barrel စက်အမြောက်ကို alliant tach systemနှင့်တွဲဖက်တပ်ဆင်ထားပါတယ်...Hell Fire-2 Anti tank guided missile, Hydra 70 rocket pods များတပ်ဆင်ထားပါတယ်...target acquisition,battle management system, night vision system, communication, weapons and navigation systemများလည်းထပ်တိုးတပ်ဆင်ထားပါတယ်...ပင်လယ်ကွေ့စစ်ပွမှာတွင်ကျယ်စွာအသုံးပြုခဲ့ပြီးတော့ အစ္စရေး ၊ အီဂျစ် နှင့် နယ်သာလန် လေတပ်တွေမှာလည်း အသုံးပြုနေပါတယ်...
ပြီးပါပြီ...
နောက်ထပ်Military & Weaponsနဲ့ပတ်သတ်တဲ့ Postတွေတင်အုံးမှာမို့ ဆက်လက်ပြီးတော့ အားပေးကျပါအုံး...
MSU-006
Follow & Upvote
Ref link-https://www.trendrr.net/7068/best-attack-helicopters-world-fastest-military-future-famous-newest-list/
Photo -google