အရင်အပတ်ကအဆက်ပြတ်သွားတဲ့ ကမ္ဘာ့အင်အားအကြီးမားဆုံးထိပ်တန်းရေတပ်ကြီးများ အပိုင်း(၂) ကို ဆက်လက်ဖော်ပြရေးသားဖော်ပြပါမယ်..
အပိုင်း(၁)ကို အောက်ပါlinkတွင် ဝင်ရောက်ဖတ်ရူနိုင်သည်...
https://steemit.com/navy/@htetlinnaung/a4gt8-km-aangaaa-kimasaundefined-taiptneyatp-kiundefined-apong-1
(၅) ဗြိတိန်တော်ဝင်ရေတပ်

ဗြိတိန်နိုင်ငံ၏ တော်ဝင်ရေတပ်မတော်ကြီးသည် ကမ္ဘာ့အကြီးမားဆုံး ထိပ်တန်းရေတပ်ကြီးများအနက် ပဉ္စမမြောက် အင်အားအကြီးမားဆုံး ထိပ်တန်းရေတပ်ကြီးဖြစ်သည်...ဗြိတိသျှတော်ဝင်ရေတပ်ကြီးတွင် လေယာဉ်တင်သင်္ဘောတစ်စင်း ၊ ကုန်းရေနှစ်သွယ် သုံး တိုက်သင်္ဘော နှစ်စီး ၊ ကမ်းတတ်ရေယာဉ် ၆စီး ၊ ဖျက်သင်္ဘော ၈စီး ၊ မိုင်းရှင်းရေယာဉ် ၁၅ စီး ၊ ကင်းလှည့်ရေယာဉ် ၂၅စီး
ဖရီးဂိတ်စစ်သင်္ဘော ၁၃စီး ၊ တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၁၈စီးနှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၄စီးပါရှိသည်...ဗြိတိသျှတော်ဝင်ရေတပ်မတော်ကြီးတွင် ကော်ဗက်ထ် စစ်ရေယာဉ်တစ်စီးမှ မရှိချေ...ဗြိတိသျှ တော်ဝင်ရေတပ်မတော်ကြီးတွင် အသုံးပြုလျက်ရှိသော စစ်ရေယာဉ် အစီး ၁၀၀ရှိပြီး ရေတပ်တွင် လက်ရှိ စစ်မှုထမ်းလျက်ရှိသော ရေတပ်စစ်သည်အင်အား ၃၆၆၀၀ ဦးရှိသည်...
(၆)ပြင်သစ်ရေတပ်မတော်

ပြင်သစ်ရေတပ်သည် ဆဋ္ဌမမြောက် ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်တန်းရေတပ်ကြီး တစ်ခုဖြစ်သည်...ပြင်သစ်ရေတပ်မတော်တွင် လေယာဉ်တင် သင်္ဘောတစ်စီး ၊ ကုန်းရေနှစ်သွယ်သုံး တိုက်သင်္ဘော ၃စီး ၊ ကမ်းတတ်ရေယာဉ် ၂စီး ၊ ဖျက်သင်္ဘော လေးစီး ၊ ကင်းလှည့်ရေယာဉ် ၁၅စီး ၊ ဖရီးဂိတ်စစ်သင်္ဘော ၁၉ စီး ၊ မိုင်းရှင်းသင်္ဘော ၁၈စီး ၊ တိုက်ခိုက်ရေး နှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၄စီးတို့ဖြစ်သည်...ပြင်သစ်ရေတပ်တွင် ခရုဇာစစ်သေင်္ဘာများ နှင့် ကော့ဗက်စစ်ရေယာဉ်များ မရှိသေးချေ...ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးမားဆုံး ပြင်သစ်ရေတပ်ကြီးတွင် စစ်ရေယာဉ် စုစုပေါင်း ၇၂စီး ပါရှိပြီး ရေတပ်ကြီးတွင် လက်ရှိ စစ်မှု ထမ်းလျက်ရှိသော ရေတပ်စစ်သည်အင်အား ၄၄၀၀၀ဦးရှိလေသည်..
(၇)အိန္ဒိယရေတပ်မတော်

အိန္ဒိယရေတပ်မတော်တွင် ကမ္ဘာ့အင်အားအကြီးမားဆုံးသော ထိပ်တန်းရေတပ်ကြီးများအနက် သတ္တမမြောက် အကြီးမားဆုံးသော ရေတပ်ကြီးဖြစ်သည်...အိန္ဒိယရေတပ်မတော်ကြီးတွင် လေယာဉ်တင်သင်္ဘောတစ်စီး ၊ ကုန်းရေနှစ်သွယ်သုံး တိုက်ရေယာဉ် ၁စီး ၊ ကမ်းတတ်ရေယာဉ် ၁၉ စီး ၊ ဖျက်သင်္ဘော ၈ စီး ၊ ကောဗတ်ထ်စစ်ရေယာဉ် ၂၄ စီး ၊ ဖရီးဂိတ်စစ်သင်္ဘော ၁၂ စီး ၊ ကင်းလှည့်ရေယာဉ် ၃၂ စီး ၊ မိုင်းရှင်းသင်္ဘော ၈ စီး ၊ တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၁၄ စီး နှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၁ စီးတို့ရှိသည်...အိန္ဒိယရေတပ်ကြီးတွင် ခရုဇာ စစ်သင်္ဘော တစ်မျိုးတည်းသာ မပိုင်ဆိုင်နိုင်သေးချေ...အိန္ဒိယရေတပ်မတော်တွင် စစ်သင်္ဘော ၁၅၅ စီးရှိပြီး စစ်မှု ထမ်းလျက်ရှိသော ၅၈၆၀၀ဦးရှိသည်...
(၈)တောင်ကိုရီးယားရေတပ်မတော်

တောင်ကိုရီးယားရေတပ်မတော်သည် ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်တန်းရေတပ်ကြီးများအနက် အဋ္ဌမမြောက် အင်အားအကြီးမားဆုံးသော ရေတပ်ကြီးတစ်ခုဖြစ်လေသည် ကုန်းရေနှစ်ထွေ တိုက်ရေယာဉ် ၁စီး ၊ ဖျက်သင်္ဘော ၁၀စီး ၊ ကောဗက်စစ်ရေယာဉ် ၂၅ စီး ၊ ဖရီးဂိတ်တိုက်ရေယာဉ် ၉ စီး ၊ ကင်းလှည့်ရေယာဉ် ၂ စီး ၊ မိုင်းရှင်းရေယာဉ် ၁၀ စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၁၃ စီးတို့ရှိသည်...တောင်ကိုရီးယားရေတပ်မတော်တွင် လေယာဉ်တင်သင်္ဘောများ ၊ ကမ်းတတ်စစ်ရေယာဉ်များနှင့် ခရုဇာစစ်ရေယာဉ်များ မရှိသေးချေ...ကမ္ဘာ့အဋ္ဌမမြောက် အင်အားအကြီးမားဆုံးသောတောင်ကိုရီးယား ရေတပ်မတော်ကြီးတွင် အသုံးပြုလျက်ဏှိသော စစ်ရေယာဉ် စုစုပေါင်း အစီး ၇၀ ခန့်ရှိပြီး စစ်မှု ထမ်းလျက်ရှိသော စစ်သည်၆၀၀၀၀ဦးခန့်ရှိသည်...
(၉)အီတလီရေတပ်မတော်

ကမ္ဘာ့အင်အားအကြီးမားဆုံးသောရေတပ်ကြီးများတွင် အီတလီနိုင်ငံ၏ ရေတပ်ကြီးများတွင် နဝမမြောက် ကမ္ဘာ့အင်အားအကြီးမားဆုံးရေတပ်ကြီးဖြစ်သည်...အီတလီရေတပ်မတော်ကြီးတွင် လေယာဉ်တင် သင်္ဘော ၂ စီး ၊ ဖျက်သင်္ဘော ၄ စီး ၊ ကမ်းတတ်ရေယာဉ် ၃ စီး ၊ ကင်းလှည့်ရေယာဉ် ၁၄ စီး ၊ ဖရီးဂိတ်စစ်ရေယာဉ် ၁၂ စီး ၊ မိုင်းရှင်းသင်္ဘော ၁၇ စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၆ စီးရှိလေသည်...ကုန်းရေနှစ်သွယ်သုံး တိုက်ရေယာဉ်များ ၊ ခရုဇာ စစ်သင်္ဘောများ နှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘောများ မရှိသေးချေ...အီတလီနိုင်ငံ၏ ရေတပ် တပ်မတော်ကြီးတွင် လက်ရှိ အသုံးပြုလျက်ရှိသော ရေယာဉ် အစီးပေါင်း ၆၆ စီး နှင့် ရေတပ်တွင် လက်ရှိ စစ်မှု ထမ်းလျက်ရှိသော ရေတပ်စစ်သည်အင်အား ၃၅၅၀၀ဦးကှိလေသည်...
(၁၀)တရုတ်(တိုင်ပေ)ရေတပ်မတော်

တရုတ်(တိုင်ပေ)ရေတပ်သည် ကမ္ဘာ့အင်အားအကြီးမားဆုံးသော ထိပ်တန်းရေတပ်ကြီးများတွင် ဒသာမမြောက် အင်အားအကြီးမားဆုံး ရေတပ်ဖြစ်သည်...တရုတ်တိုင်ပေရေတပ်တွင် ဖျက်သင်္ဘော လေးစီး ၊ ကင်းလှည့်ရေယာဉ် ၁၂ စီး ၊ ဖရီးဂိတ်စစ်သင်္ဘော ၂၂ စီး ၊ မိုင်းရှင်းသင်္ဘော ရှစ်စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၂ စီးပါရှိသည်...တရုတ်တိုင်ပေရေတပ်ကြီးတွင် လေယာဉ်တင် သင်္ဘောများ ၊ ကမ်းတတ်ရေယာဉ်များ ၊ ခရုဇာ စစ်သေင်္ဘောများ ၊ ကော့ဗတ်ထ် တိုက်ခိုက်ရေး ရေယာဉ်များ ၊ ဒုံးကျည်တပ်ရေငုပ်သင်္ဘောများနှင့် ကုန်းရေနှစ်သွယ်သုံး တိုက်ရေယာဉ်စစ်သင်္ဘောများ မရှိသေးပေ။ တရုတ်တိုင်ပေရေတပ်မတော်တွင် အသုံးပြုလျက်ရှိသော စစ်သင်္ဘောစုစုပေါင်း ၅၀ ခန့်ရှိပြီး စစ်မှုထမ်းနေသော ရေတပ်စစ်သည်ပေါင်း ၃၈၀၀၀ဦးရှိသည်...
ကမ္ဘာအင်အားအကြီးမားဆုံးသောထိပ်တန်းရေတပ်ကြီးများ အကြောင်းကို ဤနေရာတွင် အဆုံးသတ်မည်...
MSU-006
Translate and Writing-
Ref link-http://www.insidermonkey.com/blog/readytopublish-11-strongest-navies-in-the-world-2017-rankings-533046/
http://alltoptens.com/top-ten-naval-forces-in-the-world/
https://www.themeshnews.com/top-10-countries-with-best-navy-force-in-the-world-2016/