အလှအပဆိုင်ရာလုပ်ငန်းတွေက သိပ်ကိုတစ်ဟုန်ထိုးအောင်မြင်လာတဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ အလှအပဆိုင်ရာ ဖန်တီးမှုတွေဟာလည်း တကယ်ကို အမိုက်စား ဖြစ်လာပါတယ်။
(၁)
ဒီစက်ကလေးကတော့ မျက်လုံးအိမ်နားက အရေးကြောင်းတွေကို လျော့စေနိုင်ပြီး ငယ်ရွယ်တဲ့အသားအရေ ရရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။
နှုတ်ခမ်းသားကို အရောင်တစ်မျိုးတည်း မဟုတ်ဘဲရောင်စုံခြယ်သနိုင်တဲ့ တက်တူးနှုတ်ခမ်းနီပုံစံလိုမျိုး ဖြစ်ပါတယ်။ ရောင်စုံနှုတ်ခမ်းနီပါတဲ့ ဖယောင်းစက္ကူကိုခွာပြီး နှုတ်ခမ်းမှာကပ်ထားလိုက်ရင် ရောင်စုံနှုတ်ခမ်းလေး ကိုရနိုင်ပါတယ်။
ဒီပစ္စည်းလေးကတော့ မျက်တောင်ကော့ဆေးဆိုးတဲ့အခါ အခြားနေရာတွေကို မပေစေဖို့အတွက် အကာအကွယ် အဖြစ်အသုံးပြုနိုင်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။
ဖော့နဲ့လုပ်တဲ့ Sponge တွေထက် ဆီလီကွန်နဲ့လုပ်တဲ့ Sponge ကမိတ်ကပ်သားကို ပိုကောင်းအောင် ဆွဲပေးနိုင်ပါတယ်။
မျက်နှာပေါ်ကအမဲစက်တွေကို ဒီစက်လေးအသုံးပြုပြီး စုပ်ထုပ်နိုင်ပါတယ်။