စမူဆာရောင်းဖို့အတွက် Google ကနေ အလုပ်ထွက်ခဲ့တဲ့
အမျိုးသား ယခုဆိုရင် အောင်မြင်တဲ့လုပ်ငန်းကို ပိုင်ဆိုင်ထားနိုင်
Indiatimes
ကိုယ်ဝါသနာပါရာအလုပ်ကို လုပ်ဖို့အတွက် လစာအရမ်းကောင်းပြီး
ခိုင်မာစိတ်ချရတဲ့ အလုပ်နေရာတစ်ခုကို စွန့်လွှတ်ရဲတဲ့ သတ္တိမျိုး
ရှိတဲ့သူက ရှားပါးလှပါတယ်။ အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်တဲ့ Munaf Kapadia ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီ Google မှာ
လစာကောင်းတဲ့အလုပ်နေရာတစ်ခုကို ရထားလုပ်ကိုင်နေခဲ့ရင်း
ကနေ သူဝါသနာပါရာအလုပ် စမူဆာရောင်းဖို့အတွက် အလုပ်ကနေ
ထွက်လာခဲ့သူဖြစ်ပါတယ်။
အဲဒီလိုနဲ့ သူယုံကြည်ရာ တစ်စိုက်မတ်မတ်လုပ်လာရင်း ယနေ့အချိန်
မှာတော့ သူ့ကုမ္ပဏီဟာ နှစ်စဉ် ရရှိငွေ ရူပီး သိန်း ၅၀
ထိရှိနေပြီ ဖြစ်ပါတယ်။
Google လိုကုမ္ပဏီကြီးမှာ အလုပ်ရဖို့ဆိုတာက အိုင်တီကျွမ်း
ကျင်သူအများစုရဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီက
ပုံရိပ်အရမ်းကောင်းသလို လစာနဲ့ အာမခံချက်လည်း အရမ်းကောင်း
လှပါတယ်။ ဒါပေမဲ့လည်း Munaf တစ်ယောက်ကတော့ Google
ကနေ ထွက်ပြီး စမူဆာ ရောင်းခဲ့ပြီး ခုဆိုရင် Mumbai မြို့က
Bohri Kitchen (TBK) ဆိုတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်ပါတယ်။
MBA ဘွဲ့ရ Munaf ဟာ Google မှာ နှစ်အနည်းငယ် အလုပ်လုပ်ပြီး
ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှာဖို့ အလုပ်ထွက်ခဲ့ပါတယ်။
ကိုယ်ပိုင်စီးပွားရေးအလုပ်တစ်ခုကို သာ လုပ်ချင်တဲ့ သူ့ရဲ့ စိတ်
ဆန္ဒကြောင့်လည်း သူ အိန္ဒိယကို ပြန်လာခဲ့ပါတယ်။
သူ့အမေဖြစ်တဲ့ Nafisa ဟာဆိုရင်လည်း တီဗီမှာ လာတဲ့
ချက်ပြုတ်ခြင်းအစီအစဉ် တွေကိုကြည့်ရတာ ၀ါသနာပါသူဖြစ်ပြီး
သူကိုယ်တိုင်လည်း တော်တဲ့ စားဖိုမှူးတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့အမေကို ကြည့်ပြီး Munaf တစ်ယောက် စားသောက်ဆိုင်လုပ်ငန်း
တစ်ခု ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အမေ ချက်ပြုတ်တဲ့ အစားအစာကို
လူတစ်ချို့ကို မြည်းစမ်းစေခဲ့ပါတယ်။ အဲဒီလို စားသုံးသူတွေကို
ဖိတ်ပြီး အစားအစာတွေ မြည်းစမ်းစေတဲ့ အိုင်ဒီယာက ပေါက်သွားခဲ့ပြီး
နောက်ဆုံးမှာတော့ သူ့ရဲ့ Bohri Kitchen (TBK) လုပ်ငန်းဟာလည်း
အောင်မြင်လာခဲ့ပါတယ်။
နာမည်ကျော် ထင်ပေါ်သူတွေနဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေ
တော်တော်များများက TBK က လုပ်ရောင်းတဲ့ စမူဆာတွေကို မှာ
ယူမှု များကြပါတယ်။ စမူဆာအပြင် အခြားသော အမျိုးစုံဟင်းပွဲ
လက်ရာတွေကိုလည်း ရောင်းချခဲ့ပါတယ်။ သူတို့စားသောက်ဆိုင်
ဖွင့်တာ တစ်နှစ်သာသာပဲ ရှိသေးပေမယ့်လည်း သူတို့မှာ ဝဝဝင်ငွေ ရူပီး သိန်း ၅၀ ရှိနေပြီဖြစ်ပါတယ်။ ဒီထက် ပိုကြီးထွားအောင်
လုပ်ငန်းကို Munaf က ချဲ့ထွင်လိုလျက်ရှိနေပါတယ်။
Munaf ရဲ့ ဆိုင်ကတော့ ခုဆိုရင် လူတွေ ကိုယ့်အလှည့်ရောက်ဖို့
တန်းစီစောင့်ဆိုင်းဝယ်ယူနေကြရတဲ့အထိအောင်မြင်နေပြီလို့လည်း
သိရပါတယ်။
Credit: SFJ