ကျွန်တော် ဒီစာကို ရေးတာ မည်သည့် ပုဂ္ဂလိက ခံစားချက်မှ မပါပါ။ ဇာတ်ကားကြော်ငြာပေးတာလဲ မဟုတ်ပါ။
ဒါရိုက်တာ ကိုဝင်းထွန်းထွန်းရဲ့ ငယ်ကျွန်ရုပ်ရှင် ဇာတ်ကားအကြောင်း နဲနဲ လေး ပြောချင်လို့ပါ
ဇာတ်ကားထဲမှာ မိမိရဲ့ နှလုံးသား ချစ်ခြင်းမေတ္တာ ကို စနစ်တကျ အစော်ကားခံလိုက်ရတဲ့ မိန်းကလေး တစ်ယောက်ရဲ့ နာကျည်းမှု မုန်းတီးမှု ပူလောင်မှု တွေ အငြိုးအတေး တွေကို ဇာတ်ကားအစမှ အဆုံးထိ ပီပီပြင်ပြင် တွေ့လိုက်ရတယ်။ ညီမလေး ရွှေမှုံရတီ အရမ်းကို တော်ပါတယ်။ နောက်ဆုံးခန်းမှာ ညီမရဲ့ အတ္တတွေ ကို ကိုယ်တိုင် ၀န်ချတောင်းပန် နေတာ သိပ်သဘာဝကျပါတယ်။ ရွှေမှုံရတီ မှ ဟုတ်ရဲ့လားလို့တောင် အံ့သြဘနမ်းဖြစ်မိတယ်။
နောက်တစ်ယောက်က သိပ်ချစ်တဲ့ တစ်ဦးထဲသော သားလေးပေါ်မှာထားတဲ့ ခပ်ထက်ထက် မိခင်တစ်ယောက်ရဲ့ မေတ္တာတရား။ ကိုယ့်မိသားစုရဲ့ ဂုဏ်သိက္ခာ၊ မိသားစု ကိုယ်ရေးကိုယ်တာ တွေကို မာန်မာနတွေ အတ္တတရားတွေ ဖုံးလွှမ်းနေတယ်ထင်ရပေမယ့် မမြင်ရတဲ့ မသိစိတ်က မိသားစု အတွက် သည်းသည်းလှုပ်လှုပ် ကာကွယ် တိုက်ခိုက်နေတဲ့ ဇနီး တစ်ယောက်။ အမေတစ်ယောက်ရဲ့ သောကတွေ။ လူတွေဟာ အပူသောကတွေ သိပ်ပြင်းထန်လာတဲ့ အခါမှာ စကားလုံးအသုံးအနှုံးတွေက အစ ခက်ထန် ရိုင်းစိုင်းလာတာကို တောင် ဂရုမစိုက်နိုင်ပဲ သားလေး မိမိရင်ခွင်ထဲ က ထွက်မသွားရေး ကို ရဲရဲ ရင့်ရင့် တိုက်ခိုက်နေတဲ့ အမေ တစ်ယောက် ရဲ့ အတ္တ ပူလောင်မှု တွေကို စ လယ် ဆုံး မြင်တွေ့ရမှာပါ။ မကြီး စိုးမြတ်သူဇာ Soemyat Thuzar ရေ ဇာတ်ကားထဲ မှာ စိုးမြတ်သူဇာမဟုတ်တော့ဘူး။ ဒေါ်ထိပ်တင်ဝတီဦး ဖြစ်နေပါရော့လားဗျ။
ကိုလူမင်းနဲ့ အောင်ရဲလင်း တို့ အနေနဲ့ ကလည် ဇာတ် ပိုကြွလာအောင် ပံ့ပိုးပေးနေတာ တကယ့်ကို အနုပညာရှင်ပီသပါတယ်။ အထူးသဖြင့် အောင်ရဲလင်း အနေနဲ့ မြင်နေကျ ဇာတ်ရုပ်တွေနဲ့ မတူအောင် ရေကုန်ရေခမ်း ကြိုးစားထားတာကို ဂရုစိုက်မိတယ်။ ချီးလဲချီးကျူးစရာပါ။ ကိုလူမင်း အနေနဲ့လဲ ၀ါရင့်ဇာတ်ဆောင်ဖြစ်နေပေမယ့် ပါရတဲ့ အခန်း နဲတာများတာ မဟုတ်ပဲ ဇာတ်ကား ရုပ်လုံးကြွအောင် တွန်းပို့ပေးတာကို ကျနော်တို့ ကြည့်ရှုသူတွေ မချိးကျူးပဲ မနေနိုင်ပါဘူး။
နောက်တစ်ခုက ဇာတ်လမ်းရဲ့ အနှစ်သာရ ပါ။ ဇာတ်ကားရဲ့ ကျောရိုးကိုက ပူလောင်ပေါက်ကွဲ ဆူညံနေရမယ့်ဇာတ်လမ်းပါ။ နိုင်ငံခြားဆန်တာတွေ အင်တာနေရှင်နယ် ဆန်တာတွေ ထက် အပြင်လောကမှာ ဒီလိုပြသနာမျိုးကြုံတွေ့လာကြရင်လဲ ဘယ်သူမှ တိတိတ်ဆိတ်ဆိတ် အိုက်တင်ကြီးတွေတစ်ခွဲသားနဲ့ ဖြေရှင်းနေကြမှာ မဟုတ်ပါဘူး။ ဒါကို ဗမာသိပ်ဆန်နေတယ်ပြောကြလည်း မတတ်နိုင်ဘူးလေ။ ဒါက ဇာတ်ကားကိုင်တွယ် သူတွေရဲ့ အရည်အသွေးပါ။ ဇာတ်ရုပ်တစ်ယောက်စီတိုင်းကို တာဝန် အသီးသီး ကျေပွန်စေတာကိုက အကို့ရဲ့ အရည်အချင်းပါ။ ဥပမာ အန်တီ ချိုပြုံး၊ ဦးဇော်ဦး အစရှိသဖြင့်ပေါ့။ ဘာပဲပြောပြော ဘယ်ကိစ္စမဆို အားသာချက် အားနဲချက်တွေရှိတာပဲ။ ဒါသဘာဝပဲလေ။ အားနည်းချက် အနည်းဆုံးနဲ့ ပရိတ်သတ်တွေဆီက အားပေးသံတွေ ရအောင် ယူလာနိုင်မယ့် ဒရာမာ ဇာတ်ကားကောင်းကြီး ဆိုတာ ကျွန်တော် တော့ လက်မထောင်ပီးအာမခံပါတယ်။ ကိုဝင်းထွန်းထွန်း Win Tun Tun ရေ။ Congratulation ပါ။