အသစ်အသစ်တွေ အဆက်မပြတ်ပေါ် နေပီး စက္ကန့်တိုင်းတန်ဖိုးရှိနေတဲ့ ဒီခေတ်ကြီးမှာ
အစည်းအဝေးတွေ တစ်ခုပီးတစ်ခု တက်ရတာကို သဘောကျသူ သိပ်ရှိမှာမဟုတ်ပါဘူး။
ဘာအစည်းဝေး ညာအစည်းအဝေး ကလည်းအများသား။အစည်းအဝေးများသလို အဲအတွက်
ပေးရတဲ့ အချိန်ကလည်း တော်တော်ကြီးများပါတယ်။ဒါပေမယ့် အစည်းအဝေးမကြိုက်ဘူး
ဆိုပီး အစည်းအဝေးမတက်ရရင် မကျေနပ်ချင်ကြပြန်ဘူး။ဘယ်လိုလဲဆိုတော့
အစည်းအဝေးများပပျောက်ရေးအတွက် ပမာဏညှိနှိုင်းမှု့ပြုလုပ်ရန် အစည်းအဝေးကျင်းပခြင်
းဆိုတာမျိုးပေါ့။
ဒါပေမယ့် မည့်သည့်လုပ်ငန်းမဆို လုပ်ငန်းဆိုင်ရာ အပြန်အလှန် ဆက်သွယ်ရေး နှင့် ဆုံးဖြတ်ချက်
ချမှတ်ရေးတို့ အတွက် အစည်းအဝေးတွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။သို့ပေမယ့်အစည်းအဝေးအများ
စုကတော့ အဖြေရှာဖို့ထက် မိမိအတ္တကို ရှေ့တန်းတင်ပီး ကိုယ်ရည်သွေးနေတာများပါတယ်။အဲဒီလိုခံစားချက်တွေ
ရောထွေးနေတာကြောင့် အစည်းအဝေး ရလဒ်ကလည်းရောထွေးနေတတ်တယ်။အချိန်လည်းကုန် ဆုံးဖြတ်ချက်
လည်းကောင်းမွန်ပြတ်သားသော ရလဒ်မရဖြစ်တတ်တယ်။
အဆိုးတကာ့ အဆိုးဆုံးကတော့ တတ်ရောင်ကားဆရာများပါလာခြင်းပါ။ဟိုစပ်စပ် ဒီစပ်စပ် အနည်းငယ်မျှ
ှကြားဖူးနားဝရှိရုံဖြင့် သူတို့ကိုယ်သူတို့ ပညာရှင်ဂုရုကြီးအလားထင်မှတ်သူတွေပါ။ထိုကဲ့သို့ သူမျိုးများကိုတော့
တတ်နိုင်သလောက်ရှောင်ပါ။အစည်းအဝေး ရည်ရွယ်ချက်တောင်ပျောက်နိုင်ပါတယ်။
photo----google
ဆက်ရန်