ချစ်ခဲ့တဲ့အတိတ်ကမမှုန်ဝါးသေးဘူး
ကျခဲ့ရတဲ့မျက်ရည်တွေလဲမခြောက်ခမ်းသေးဘူး
ကန်ထဲကခုံတန်းလေးတွေပေါ်တူတူမထိုင်ဘူးပေမယ့်
ပန်းခြံထဲကလမ်းတွေပေါ်အမှတ်တရတွေမရှိခဲ့ပေမယ့်
ရိုးရိုးလေးပဲနင့်ကိုလွမ်းတယ်
ခွင့်လွှတ်လားလို့မေးရင်ငါခွင့်လွှတ်ပါတယ်
ငါကနင့်ကိုသိပ်ချစ်မိလို့နာကျင်ကြေကွဲနေရသလို
နင်လဲသူ့ကိုသိပ်ချစ်မိလို့နာကျင်ကြေကွဲနေရတယ်
ကိုယ်ချင်းစာမိတဲ့အခါအပစ်ရယ်လို့မမြင်မိတော့ပါဘူး
နင်လဲနှလုံးသားတခုနဲ့လူတယောက်ကိုချစ်တယ်
ငါလဲနှလုံးသားတစ်ခုနဲ့လူတစ်ယောက်ကိုချစ်တယ်
လွဲသွားခဲ့တာက
ငါချစ်တာနင့်ကိုဖြစ်ပြီး
နင်ချစ်တာသူဖြစ်နေခဲ့တာ
တကယ်ဆိုရင်ငါတို့ကြားမှာနှလုံးသားတခုစာလေးလွဲသွားခဲ့ရုံပါ
ဟန်ဆောင်ပြီးပဲဖြစ်ဖြစ်အရမ်းချစ်တယ်လို့ပြောပေးခဲ့အတွက်လဲ
ထာဝရကျေးဇူးတင်နေမှာပါ
ဘယ်တော့မှမေ့နိုင်မယ်ဆိုတာငါမသိဘူး
ခုလောလောဆယ်တော့မေ့ဖို့လဲမကြိုးစားချင်ဘူးဟာ
တနေ့တော့ တနေ့တော့......။