လေပြေရေ မင်းလာကျီစယ်ပြန်ပြီနော်
လမ်းကြုံလို့များ လာကျီစားရလေသလား
ခနလေးပဲဆိုရင်တောင် ကိုယ့်မှာတော့ရူးမတက်ပါ
ထပ်တခါဖန်တလဲ ငွေ့ရည်တွေ တိမ်စိုင်ဖွဲ့ရပြန်ပြီမို့
နောက်များဆို ကိုယ့်အပါး ကျီစားရုံသက်သက်နှင့်များ
မင်း…..မလာပါနဲ့တော့ကွယ်။
MTZK