မတည်နိုင်တဲ့ ဂတိတွေပေးပြီး ကြိမ်ဖန်မျးစွာ လှည့်စားနေသူ
လှည့်စားတဲ့သူပဲမှားလား ခနခနယုံလွယ်တဲ့သူကမှားလား။
စထဲကသိပ်မမျှော်လင့်ပါဘူး ဒါပေမယ့်လဲ
မမျှော်လင့်ဘူးဆိုရင်တောင် နဲနဲလောက်တော့မျှော်မိသေးတာပဲလေ။
အစတွေမကောင်းခဲ့လို့ မသေမချာနဲ့ယောင်လည်လည်
တစ်သက်တာ တခါချစ်မို့ နာစရာရှိရင်တောင်
တကယ်လွမ်းလာရင်ဖြေဖို့ခက်တယ်။
အသဲဆိုတာအစားထိုးလို့လဲရသလို
လှီးထုတ်ပစ်လိုက်ရင်လဲ အသစ်ထပ်ဖြစ်တယ်တဲ့
မင်းရဲ့အချစ်ဟာ အသဲမှာတည်လေသလား
ကိုကနတ်ရှင်နောင်ရဲ့ ရာဇဓာတုကလျာဏီပါ
အထီးကျန်ပြီးလွမ်းရတာချင်းတူရင်တောင် ရင်ခုန်သံညီညီလွမ်းချင်တယ်။
ရဝေရှင်ထွေးလိုအလွမ်းမျိုးတော့ကိုမလိုချင်ဘူးကွယ်။
မအိမ်ကံပြောသလိုပဲ 'လူဆိုတာ မေတ္တာနဲ့ ဆက်ဆံရင် သစ္စာ နဲ့ တုန့်ပြန်ပေးရတယ် မောင် '
မကြင်နာ ရှောင်ခွာလို့ပြေးသူမို့
ဖွေရှာ မျှော်နေလဲအပိုပါပဲ
သံသရာ ဒီတကွေ့မှာဖြင့်
လွမ်းနေရုံ ဖြင့်ကယ်မပြီး
လူ့ဘောင်မှာ အကြောင်းစုံများလှတာမို့
ဝေဒနာကိုတော်ရာမှာသိမ်းဆည်း
ဘဝ၀န်တာထမ်းဖို့
သင့်ရာကို ပြုပေလေတော့
အို….ရှင်ထွေးငယ်။