Image Credit: https://www.sillycanvas.com/poster/Life-Will-Knock-Us-Down-But-We-Can-Choose-Whether/519497
သူငယ်ချင်း အားလုံးပဲ မင်္ဂလာပါ..
လွန်ခဲ့တဲ့ရက်တွေက မိုးတွေအရမ်းကြီး အိမ်မှာလည်းဖျားပြီး လူက မလှုပ်ချင်မကိုင်ချင်တွေဖြစ်နေခဲ့ပြီး steemit နဲ့ ဝေးကွာခဲ့ရပါတယ်။
တကယ်တော့ steemit platform ကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ အလုပ်တွေတဖက်နဲ့ စာရေးဖို့ကို လူက အလိုလို ပေါ့လျော့နေမိခဲ့တယ်။ အားတဲ့ချိန်တိုင်း facebook ကို အလိုလိုဖွင့်ကြည့်မိပေမဲ့ steemit ကိုတော့ ဖွင့်ကြည့်ဖို့ဝန်လေးမိခဲ့တယ်။
အဲ့လို ပျင်းရိမှု စိတ်မိုက် စိတ်ရိုင်းတွေ တားဆီးမရဖြစ်လာတဲ့အခါ အရာရာကို အလျှော့ပေးချင်လာမိပါတယ်။
ဒါပေမဲ့ ပျင်းလေလေ ဖျင်းလာလေလေဆိုသလို ကြာတော့ လူက ဘာမှ တွေးခေါ်ကြံစည်မှုမရှိတော့ဘူး
သူငယ်ချင်းတွေနဲ့လည်း ဝေးကွာလာသလိုခံစားရပြီး တခါတလေ ငါဟာ တခြားလူတွေနဲ့ရော တူသေးရဲ့လား လို့တောင် သံသယ၀င်လာမိပါတယ်။
ဒါပေမဲ့လည်း ခုတော့ ပျက်အစဉ်ပြင်ခဏဆိုသလို အမှားကိုပြင် အမှန်ကို ဆင်ယင်ဖို့ အချိန်ကျလာပြီမို့
မင်္ဂလာပါ ရွှေမြန်မာ
မင်္ဂလာပါ steemit
I am back လို့ ပြောရင်း
လောလောဆယ် ဒီစာလေး နိဂုံးချုပ်လိုက်ပါရစေရှင် :)