ဘယ္လိုမွ ခံစားလို့မရတဲ့သူအပေါ် ချစ်ကြည့်ပါလား ၊ မရဘူးနော်။ လုံးဝမျက်နှာကြောမတည့်သူဆိုပေမယ့် တချိန်မှာ ချစ်ရင် ချစ်သွားတတ်သေးတယ်။ ဒါကြောင့် အချစ်နဲ့အမုန်းဟာ ကျောချင်းကပ်အနေအထားမှာ ရှိနေသလိုပဲ။ အခ်စ္ကေန အမုန်းကို ကူးပြောင်းသွားသွားနိုင်သလို အမုန်းကနေ အချစ်ကိုလည်း ကူးပြောင်းသွားနိုင်တယ်။ ဒါပေမယ့် အချစ်နဲ့အမုန်းနှစ်ခုလုံးကို တမင်ဖြစ်အောင် လုပ်ယူလို့တော့မရဘူး။ နှစ်ခုစလုံးက ခံစားချက်တွေကနေ မြစ်ဖျားခံ ဆင်းသက်လာကြတာတွေပါ။ ခံစားချက်တွေမရှိဘဲ အချစ်နဲ့အမုန်းဆိုတာ ဖြစ်မလာပါဘူး။