လိုတာထက်ပိုမသုံးပဲ အနည်းအကျဉ်းလောက်နဲ့ ကျေနပ်နိုင်ဖို့ လိုပါတယ်။ ငွေရတိုင်းမသုံးမိအောင် ထိန်းနိုင်မယ်ဆိုရင် သင့်ပိုင်ဆိုင်မှုက တိုးပွားလာမှာဖြစ်ပါတယ်။ Google ရဲ့တည်ထောင်သူတစ်ဦးဖြစ်တဲ့ Sergey Brin က ပိုင်ဆိုင်မှုတွေအများကြီးမရှိပေမယ့် ပျော်ရွှင်ကျေနပ်တတ်အောင် ပျိုးထောင်ပေးခံခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုလက်ရှိသူရဲ့ သိပ်မများဘူးဆိုတဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ (၂၂.၈)ဘီလီယံရှိပါတယ်။