ဖြစ်ရပ် ၁
'' သားရေ ဟိုမှာ အလှူခံတဲ့သူတွေ လာရင် အိမ်မှာ လူကြီးတွေ မရှိဘူး လို့ပြောလိုက်နော် မေမေ အိပ်ခန်းထဲမှာ ရှိမယ် ''
'' ဗျာ…… ''
'' ဗျာ မနေနဲ့ ခိုင်းတာသာ လုပ် ကြားတယ်နော် ''ခဏအကြာ
'' သွားကြပြီ မေမေ ရေ ဘယ်သူမှ မရှိတော့ဘူး အိပ်ခန်းထဲက ထွက်လာလို့ ရပြီ ''
'' အေး အေး ''
xxxxxxxx
ဖြစ်ရပ် ၂
- '' သား ဖေဖေတို့ အပြင်သွားလိုက်ဦးမယ်။ ဖေဖေ့ အလုပ်က ဖုန်းလာရင် ဖေဖေ ဒီနေ့ နေမကောင်းလို့ မလာတော့ဘူးလို့ ပြောလိုက် ကြားလား ''
'' ဗျာ ''
'' ဟာ ဒီကောင် ဒါလေး ပြောရတာကို မလုပ်တတ် မကိုင်တတ် ပုံစံ လာလုပ်နေတယ်။ အူတူတူ အ တတ နဲ့ သွားတော့။ ''
'' ဟုတ် ''
xxxxxxxx
ဖြစ်ရပ် ၃
'' ဖြန်း ဖြန်း ဖြန်း ''
'' အဲဒါ မှတ်ထား လူကြီးကို လာမလိမ်နဲ့ ကွ။ ပန်းအိုးကွဲ တာ မင်းကြောင့်ဆိုတာ ငါသိပြီးပြီ။ နောက်တစ်ခါဆို ဒီထက်နာမယ်။ ရော့ ကြိမ်လုံး သွားသိမ်း။ သွား ……… ။ အမေကြီး ရေ မင်း သားကို ကြည့်ပြောထားဦး။ အတတ် ကောင်းတွေ တတ်နေတယ်။ အသက်ကဖြင့် ဘယ်လောက်မှ မရှိသေးဘူး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် လိမ်တတ်နေရင် အသက်ကြီး လာရင် ဘယ်လောက် လိမ်နေမလဲ မသိဘူး။ ခုထဲက နောင်ကြဉ်အောင် သမ ထားရမယ်။ '''' ဟုတ်ပ တော်။ ဟဲ့ ပြောစမ်း နင့်ကို လိမ်တတ်အောင် ဘယ်သူ သင်ပေးတာလဲ။ ပြောလေ ………… ''
xxxxxxx
အကြင် အမိသည် သားငယ်ကို ပညာသင်မပေး။ အတတ်ပညာ မသင်ပေးသော အမိသည် ရန်သူမည်၏။ အကြင် အဖသည်လည်း အတတ်ပညာ သင်၍မပေး။ အတတ်ပညာ သင်မပေးသော အဖသည် ရန်သူမည်၏။
( လောကနီတိ )
The mother who does not educate her som is his enemy. The father who does not educate his son is his enemy.
(LAWKANITI)
ref: တက်တိုး ( လောကနီတိ )
Give my love to you all ,Steemians. 😍 😍 😍
written by : 
MSU NO - 022

#myanmar
#msu