ဖြစ်ရပ် ( ၁ )
" ဟေ့ကောင် မင်းတော်တော် ညံ့ပါလားကွ။ ငါ့ သားလို့ ပြောရမှာ တောင် ရှက်တယ်။ ရန်ဖြစ်တာ ခံလာ ရတယ်လို့ ကွာ။ ဒီမယ် ဟေ့ကောင် ရန် ဖြစ်ပြီဟေ့ ဆို ကိုယ်က ဦးအောင် အရင် ဆော်ကွ။ ပြီးရင် ပြန်လာခဲ့။ ကျန်တာ ငါရှင်းမယ်။ ကြားလား နောက်တစ်ခါ ဒါမျိုး ခံလာရတယ် ဆိုတာ ငါမကြားချင်ဘူးနော်။ ခံလာ ရလို့ကတော့ ငါက ထပ်တီးဦးမှာ ဟေ့ကောင် ကြား လား။ "
" ဟုတ် ဟုတ် "
ဖြစ်ရပ် ( ၂ )
" သား ဟိုမှာ တွေ့လား သီချင်းဆိုသူ က ဆို၊ ပါဖောမန့် လုပ်သူက လုပ်နေတာ တွေ့လား။ အဆိုတော်ကိုပဲ အားလုံးက သတိထားမိကြတယ်။ ကနေ တဲ့သူကို ကြ ဘယ်သူမှ သတိမထားကြဘူး။ အလကားပဲ။ သား ကြီးလာလို့ အဲသလိုပွဲတွေမှာ ပါဝင် ဖြေဖျော် ရမယ်ဆို အဆိုတော် နေရာက ပဲ နေ။ တခြားနေရာက ဆို သားကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ မေမေ ဆိုလည်း အဆိုတော် ပဲလုပ်မယ်။ တခြားနေရာကဆို နိုးပဲ။ "
ဖြစ်ရပ် ( ၃ )
" မင်းသားကြီး မလုပ်ရရင်ကွယ်
ပတ်မကြီးကို ထိုးကာ ထိုးကာ ဖောက်ပစ်မယ်
တို့ မနိုင်ခဲ့ရင် ကွယ်
မငြိမ် မငြိမ် မသက် ဖြစ်ကုန်မယ်
ဆီးသီး ဗန်းတွေ မှောက်ကာရယ်
ရသလောက် ရသလောက် ကန့်လန့် တိုက်ပစ်မယ် တူနှယ် တူနှယ် ဗြောင် "
" မိန်းမရေ တို့ရပ်ကွက်က အရူးကောင် အိမ်ရှေ့ကနေ ဘာတွေ ဆို သွားတာလည်း ဟ။ "
" သိပါဘူးတော်။ "
xxxxxx
Give my love to you all ,Steemians. 😍 😍 😍
written by : 
MSU NO - 022

#myanmar
#msu