အမှောင်ထဲမှာ စမ်းတဝါးဝါး လျှောက်လှမ်းနေမည့်အစား နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဓာတ်မီးကဲ့သို့ အလင်းရောင် ပေးစွမ်းနိုင်သော အရာဝတ္ထု တစ်ခုကို ပိုင်ဆိုင်ထားမည်ဆိုပါက ခရီး တွင်ရုံမျှမက အားတစ်ခုလည်း ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ် ။
လမ်းဆိုးလမ်းကောင်း၊ ဆူးငြောင့်ခလုတ် စသည်တို့ကို ထင်းခနဲ လင်းခနဲ ရှင်းရှင်း လင်းလင်း မြင်ရမှာ ဖြစ်သလို၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုလည်း ရှိစေမည် မဟုတ်ပါလား ။
ထိုနည်းတူ လူ့ ဘဝ ခရီးကြမ်းကြီးမှာလည်း ထိုကဲ့သို့ ဓာတ်မီးနှင့် တူသော လူ၊ အရာဝတ္ထု ၊ ခံယူချက် ၊ စာတစ်ကြောင်း စသည်တို့ အလွန်လိုအပ်လှပေသည်။
သို့မှသာ ဘဝခရီးကို အမှားနည်းနည်းနှင့် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
ကျွန်ုပ်တွင်လည်း အားကိုးရသော စာတစ်ကြောင်း ၊ တစ်နည်းအားဖြင့် ဆိုရပေမူ အကြိုက်ဆုံး အနှစ်သက်ဆုံး ၊ သို့မဟုတ် ဓာတ်မီးနှင့် တူသော စာတစ်ကြောင်း ရှိပေ၏။
၎င်းမှာ ***သိသူဖော်စား၊ မသိသူ ကျော်သွား *** ဟူသော စာကြောင်းလေးပင်ဖြစ်၏။
ကျွန်ုပ်တို့ မြန်မာစာပေသည် စာလုံးတစ်လုံးချင်း သည်ပင် လေးနက်သော အဓိပ္ပာယ်များ ရှိတတ်ပေရာ ထို စာကြောင်းလေးသည် တိုတို နှင့်လိုရင်းကို ရောက်အောင် ဖော်ပြနိုင်သကဲ့သို့ ကျယ်ဝန်းနက်ရှိုင်းသော အနက်လည်း ရှိပေ၏။
သိတတ်လိမ္မာကျွမ်းကျင်သောသူများ တူးဖော်ရယူနေချိန်တွင် ဘာမျှမသိသော သူများသည် ကျော်ခွသွားကြလေသတည်း ဟု ဆိုလိုရင်း ဖြစ်နိုင်ပေ၏။
သည်ထက်မက သိပ်သည်းကျစ်လစ် သောအနက်လည်း ရှိနိင်ပေ၏။
အဓိပ္ပာယ် အပြည့်အစုံကို ဖော်ပြခြင်းငှာ ကျွန်ုပ်သည်လည်း မစွမ်းဆောင်နိုင်ပေ။
စာဖတ်သူ၏ အသိဥာဏ် အတိမ်အနက်ကို လိုက်၍ အဓိပ္ပာယ် ဖော်ယူကြပါကုန်။
ကျွန်ုပ်စွမ်းဆောင် နိုင်သည်ကား အောက်ဖော်ပြလတ္တံ့ ဟူသော အကြောင်းအရာပင် ဖြစ်ပေတော့သည်။
အသင် စာရှုသူတွင်လည်း အနှစ်သက်ဆုံး ဆောင်ပုဒ် လေးတစ်ခု တစ်လေလောက်တော့ ရှိမည် ထင်ပါသည်။
သို့မဟုတ် စာတစ်ကြောင်း လောက်ဖြစ်စေ ။