တိုးတက်နေသောနေရာတိုင်းမှာ ဝေဖန်မှုများစွာရှိပါတယ်။ဝေဖန်ခြင်းကြောင့်လည်း တိုးတက်မှုမြန်ဆတ်ခြင်း ဖြစ်၏။ရှေးပညာရှိများသည်လည်း ဝေဖန်မှုကို နှစ်သက်ကြပါတယ်။' မည်သူကိုမျှ မညှာကြနှင့်'။မိဘ ဆရာဖြစ်စေကာလည်း သူဟာဗလပဏ္ဍီတဟု ကျနခွဲလစ် တွေ့တိုင်းစစ် စနစ်ကျစေကွဲ့' ဟူ၍ အားပေးတော်မူခဲ့၏။ ဝေဖန်ရာ၌ ကောင်းစေလို၍ ဝေဖန်ခြင်းဖြစ်သင့်ပါတယ်။
ထိုသို့ ကောင်းစေလို၍ဝေဖန်ခြင်းခံရလျှင် ဝေဖန်ခြင်းခံရသူကလည်း နှစ်သက်ပါတယ်။အကျိုးအကြောင်းကိုပြ၍ ဝေဖန်သင့်ပါ၏။ 'အမှားကိုထောက်ပြ၍ ထိုအမှားကို ပြုပြင်စေလိုသောစေတနာဖြင့် ဝေဖန်သောသူကို ဆရာအဖြစ် ဆည်းကပ်ရမည်'ဟူ၍ ဘုရားရှင်ဟောတော်မူ၏။ အရှင်သာရိပုတ္တရာမထေရ်မြတ် သင်္ကန်းရုံရာ၌ မညီသည်ကို ဝေဖန်သော ကိုရင်လေးအား အရှင်သာရိပုတ္တရာမထေရ်မြတ်သည် လျစ်လျူမရှုဘဲ ကျေကျေနပ်နပ်ပင် လက်ခံတော်မူခဲ့ပါတယ်။မေတ္တာပါသော ဝေဖန်ခြင်းဖြစ်ပါ၏။ ထိုမေတ္တာပါသော ဝေဖန်ခြင်းဖြင့် ဝေဖန်ခံရသောသူသည် ကြီးပွားတိုးတက်ခြင်း၏ လမ်းကြောင်းပေါ်သို့ ရောက်သောသူမည်၏။
ဝေဖန်ရာ၌လည်း မိမိဝေဖန်မည့်ပုဂ္ဂိုလ်၏အကြောင်းကို ဂဃနဏသိထားသင့်ပါတယ်။အပေါ်ယံကြည့်၍ မဝေဖန်သင့်ပါဘူး။အကျိုးအကြောင်းမပါသော ဝေဖန်ခြင်းသည် အပြစ်တင်ခြင်းပါသောဝေဖန်ခြင်းပဲဖြစ်ပါတယ်။ထိုသို့ အပြစ်တင်ခြင်းကြောင့် မိတ်ဆွေများသည်ပင် ရန်သူအဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။ 'အပြစ်တင်ခြင်းသည် တစ်ဖက်သူကို အားဆေးထိုးပေးခြင်းတစ်မျိုးဖြစ်ပါသည်' ဟု မှတ်သားရဖူးပါတယ်။
မိဘနှင့်သားသမီး ဆရာနှင့်တပည့် လင်နှင့်မယား။ ဆရာနှင့်ဒကာ အစိုးရနှင့်ပြည်သူတို့သည် အမြဲတမ်းထိတွေ့ဆက်ဆံနေရ၍ ဝေဖန်မှုများလည်း ရှိနေမည်သာဖြစ်ပါတယ်။ 'တပည့်ဆရာ အပြစ်ရှာ ဘယ်ခါမလွဲ တွေ့စမြဲတည်း။ ဆရာတပည့်ကျေးဇူးသိ ကြီးဘိလွန်ကဲ ချမ်းသာမြဲ'ဟူ၍ ဆရာများဆုံးမသည်ကို နာယူမှတ်သားဖူးပါ၏။ ဆရာ တပည့်အတွက်သာ ဆုံးမခဲ့သည်မဟုတ်ပေ။ မိဘနှင့်သားသမီး လင်နှင့်မယား အစိုးရနှင့်ပြည်သူ ဆရာနှင့်ဒကာအတွက်ပါ လိုက်နာရမည်ဖြစ်သော လမ်းညွှန်ချက်နီတိလေးဖြစ်ပါသည်။
မိဘများသည်သားသမီးတို့ကို ဝေဖန်ထောက်ပြရမည်ဖြစ်ပါ၏။ 'မိဘနှစ်ပါး သမီးသားအား ကြီးပွာစေမှု မကြည့်ရှုဘဲ မပြုမပြင် မသွန်သင်မှု သေရှင်နှစ်ဖက် ကျိုးမထွက်သည့် နရက်သံသရာ နစ်မွန်ရှာလိမ့်' ဟူ၍ စပ်ဆိုခဲ့ကြ၏။ သို့သော် အပြစ်ပြောခြင်းမဖြစ်သင့်ပေ။ ထိုသို့အပြစ်ပြောခြင်းကြောင့် သားသမီးများသည် အကောင်းထက်အဆိုးဘက်သို့ ရောက်သွားသည်ကများပါ၏။ မိဘချည်းဝေဖန်ရမည်မဟုတ်ပေ။ သားသမီးကလည်း မိဘကိုဝေဖန်ရမည်သာဖြစ်ပါ၏။ မိဘထက်တော်သော အတိဇာတသားသမီးများရှိကြပါ၏။ သားသမီးများ ဝေဖန်ထောက်ပြသည်ကိုလည်း မိဘများကအရေးထားသင့်ပါတယ်။ 'ကလေးက ကလေးနေရာမနေဘူး။ လူကြီးတွေကို ပြန်ခံပြောနေတယ်' ဟူ၍ သဘောမထားသင့်ပါဘူး။ ဝေဖန်သည့်အတိုင်း ဟုတ်မှန်နေလျှင် လက်ခံပြီး ပြုပြင်ပေးရမည်ဖြစ်ပါ၏။ ထို့အတူ ဆရာနှင့်တပည့်သည်လည်း မေတ္တာတရားရှေ့ထားကာ ဝေဖန်ရမည်ဖြစ်ပါ၏။ မိမိတို့နိုင်ငံတွင် ဆရာ ဆရာမဆိုလျှင် ကြောက်တတ်ကြတာကို တွေ့ရပါ၏။ပြန်လှန်၍ မဝေဖန်ရဲကြပေ။ ဝေဖန်ရမည့်နေရာတွင် ကြောက်စရာမလိုပေ။ ရဲဝံ့ရပါမည်။ဆရာပြောသည့်အတိုင်း အမှန်ချည်းမမှတ်ယူရန် ကာလာမသုတ်တော်တွင် ဘုရားရင်ဟောတော်မူခဲ့ပါတယ်။ ပညာရေးတွင် ရှေ့ကပြော နောက်ကခေါင်းညိတ်စနစ်ဆိုးကြီးပြုပြင်ပြောင်းလဲချိန်တန်ပါပြီ။ လင်နှင့်မယားအရေးတွင်လည်း ထို့အတူပါပဲ။ လင့်ကျင့်ဝတ် မယားကျင့်ဝတ်များကို နားလည်ရန်လိုပါတယ်။သည်းခံခွင့်လွှတ်မှုများဖြင့် မေတ္တာမပျက်ရန် ဝေဖန်အကြံပြုမည်သာဖြစ်ပါ၏။
To be Containue
Author by
MSU-007