မြန်မာ့သားချော့တေးသည် မြန်မာ့လူနေမှုစရိုက်နှင့်ရင်းနှီးကျွမ်းဝင်နေခြင်းသည် ကလေးငယ်များ၏နူးညံ့သော ယဉ်ကျေးလိမ္မာသော စာရိတ္တအခြေခံကောင်းများစတင်ရာ ရင်ခွင်ပိုက်အရွယ် အသိဥာဏ်ဖွံဖြိုးစ၏ ပထမခြေလှမ်းပင်ဖြစ်သည်။ ထို့ကြောင့် ' လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင်ဖ' ဟူ၍ ဆိုရိုးပြုခဲ့ကြသည်။ အသိဥာဏ်ဖွံဖြိုးစအရွယ်ရောက်လာလျှင်လည်း နို့ချိုတိုက်ကျွေးရုံမျှမပြီးသေးပါ။ ထမင်းအစာအာဟာရကိုတို့ကို အာခံတွင်းမှ ညက်ညောစွာဝါးပြီး ဝါးဖပ် ကစီနှစ်အဖြစ် လူလားမြောက်အောင် ယုယစွာ ကျွေးမွေးခဲ့ကြသည်။ ရာသီဥတုအချိန်ကာလနှင့်အညီ ချော့ကာမြှောက်ကာ ရယ်ရွှင်ပျ၍ သာယာသောနေ့ခင်အခါမှာ 'နေမင်းကြီးရေ သားလေးကို ကြည်သာရွှင်ပျ ထွေးပေးပါ' ဟူ၍ ဟစ်ကြွေးရင် ထမင်းခွံပေးခဲ့ကြသည်။ ထို့နည်းအတူ ညအခါ လသာသာညများမှာဆိုရင်လည်း 'ထမင်းဆီဆမ်း ရွှေလင်ဗန်းပေးပါ...ပေးပါ'ဟူ၍ မိုးရွာလျှင်လည်း အမေ့ရင်ခွင်ထဲတိုးဝင်၍ 'မိုးရွာလျှင် မိုရေချိုးမယ်။ မေမေ……လာရင် နို့စို့မယ်' မရိုးနိုင်အောင် မြန်မာ့သားချော့တေးကဗျာများ ထင်ရှားသည်။
ကလေးငယ်များ ရက်သားမှ လသားအရွယ် ထိုမှနှစ်သားအရွယ် ရောက်လာခဲ့ရပြန်လျှင်လည်း 'ရပ်နိုင်ပေ့ ရပ်နိုင်ပေ' ဟူ၍ လက်ခုပ်လက်ဝါး တီးရန် အားရဝမ်းသာ လူ့လောကကြီးအတွင်း ရပ်နိုင်အောင် ကြည်သာရွှင်ပျကြိုဆိုကြလေသည်။ သည်မျှမကသေး ငယ်ရွယ်စဉ်က သား ကြီးပြင်းလာလျှင် အားဟူ၍ အများကြီးတွေးထားကြလေသည်။ထို့ကြောင့် မိခင်၏မေတ္တာတရားကို စုန်ရေဟု တင်စားခဲ့ကြသည်။ သည်မျှပင်မကသေးပါ ငယ်စဉ်က ယဉ်ကျေးလိမ္မာကဗျာထဲတွင် 'ကျွေးမွေးသုတ်သင် သက်ဆုံးပင် ချစ်ခင်ရှာရှာပေ တို့မေမေ' ပညာရှိများက ညွှန့်ဖွဲခဲ့ကြလေသည်။ မြန်မာပြည်တစ်ဝန်းမှာနေထိုင်ကြသော လူသားမိခင်များအကြောင်း စာဖွဲ့ရမည်ဆိုလျှင် ကုန်မည်မထင် မာတာအမိသည် လူသားမိခင်သည်သာမက အသိဥာဏ် နုံနည်းသော သတ္တဝါတို့သည်ပင်လျှင် မိခင်ဟူသည်ဝေါဟာရတို့နှင့်အညီ ရင်တွင်းဖြစ်သားသမီးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးကြလေသည်။ လူသားနှင့်တန်တူ မလျော့သောမေတ္တာတရားတို့ဖြင့် ဖွဲ့စည်းလားသော သားသမီးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်တတ်ကြပါသည်။ ဥပမာ- လူနှင့်နီးကပ်သော သတ္တါအမများကို အနီးကပ်လေ့လာကြည့်ပါက အမ၏မေတ္တာကို ထင်ရှားစွာတွေ့မြင်ရပေမည်။ ရင်တွင်းဖြစ် နို့ချိုတိုက်ကျွေးရုံမျှမက အစားအစာကိုပင် ရှာဖွေးကျွေးမွေးကြသေးသည်။ ထို့ကြောင့် အမေအားလုံးတို့သည် လောကကြီးသာယာလှပအောင် မိသားစုအသိုက်အမြုံ လေး လှပအောင် ပေးဆပ်ခြင်း အနစ်နာခံခြင်းဖြင့် တည်ဆောက်ပေးနေကြသူများဖြစ်ကြပါသည်။
ဤကမ္ဘာမြေပေါ်ရှိ မိခင်အားလုံးတို့သည် ရင်သွေးကလေးငယ်များအတွက် ကာလရေကြည် သန္ဓေတည်သည်မှ အရွယ်ရောက်ကြီးပြင်းသည်အထိ နေ့ရက်ပေါင်းများစွား ပေးဆပ်ခြင်းများစွာဖြင့် အသက်နှင့်ခန္ဓာရင်းနှီးပြီး တည်ဆောက်ပေးခြင်းကို ဂါဝရပြုသည်အနေဖြင့် ဆရာကြီးဦးသုခသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀)က ပြာသိုလပြည့်နေ့ကို အမေများနေ့ဟူ သတ်မှတ်ခဲ့သည်။
ပြာသိုလပြည့်နေ့အခါသမယ အမေ့…ကျေးဇူးအနန္တကို ဦးထိပ်ပန်သဂါရဝပြု ဖော်ညွှန်း ရေးဖွဲ့အပ်ပါသည်။
MSU-007