၎။လိုအပ်လာတဲ့အချိန်မှာ လိုအပ်တဲ့အကူအညီကို အတတ်နိုင်ဆုံးပံ့ပိုးပေးနိုင်ရမယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ လူရယ်လို့ဖြစ်လာလျှင် အခက်အခဲဆိုတာကို တွေ့ကြုံကြရမှာပါပဲ။ အဲဒီလိုတွေ့ကြုံတဲ့အခါမှာ တစ်ဦးတစ်ယောက်တည်းရဲ့ အတွေးအမြင်နဲ့ အဖြေထုတ်လို့ ရတာရှိသလို အဖြေထုတ်လို့မရတာလဲရှိတယ်။ အဲဒီလိုအဖြေထုတ်လို့မရတဲ့အခါမှာ သူငယ်ချင်းကောင်းဆိုတာ မရှိမဖြစ်တဲ့ အခန်းကဏ္ဍက ပါဝင်လာပါပြီဖြစ်တယ်။ ဒီနေရာမှာ ကိုယ်ပေါင်းနေတဲ့ သူငယ်ချင်းက ကောင်းလား မကောင်းလားဆိုတာကို တွေ့ရတော့မယ်။ ဒီလို တွေ့ရဖို့အတွက် သူဟာကိုယ့်အတွက် တကယ့်သူငယ်ချင်းကောင်းလာဆိုတာကို တစ်ကြိမ်းတစ်ခါနည်းနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာကို သိထားရပါမယ်။ ဒါကြောင့် လူတစ်ယောက်ကိုစောင့်ကြည့်ကာလအဖြစ်အကြိမ်ရေ သုံးကြိမ်မြောက်ထိ စောင့်ကြည့်စေချင်တယ်။ ဒီသုံးကြိမ်အတွင်းမှာ သူက တကယ်ပဲမကူညီနိုင်တာလား။ ဒါမှမဟုတ် အကူအညီပေးနိုင်ရဲ့သားနဲ့ ရှောင်ဖယ်တာလားဆိုတာကို ကိုရဲ့အသိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ရပါမယ်။ ဆိုတော့ကာ သူငယ်ချင်းအဆင့်ကကျော်ပြီး သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ခံထားရသူအဖို့ ကိုယ်ကသူ့အတွက် သူငယ်ချင်းကောင်းဖြစ်သလို သူကကော ကိုယ့်အတွက် သူငယ်ချင်းကောင်းဖြစ်သလားဆိုတာကိုပါ သိရှိထားဖို့လိုအပ်လာပါပြီ။ ဒီလိုအချက်တွေနဲ့ ပြည့်စုံနေပြီဆိုရင် ဒါဟာ သူငယ်ချင်းကောင်းတွေရဲ့ ရှည်ရှည်ကြာကြာသူငယ်ချင်းဖြစ်စေမယ့် လက္ခဏာပါပဲ။
၅။ တစ်ယောက်ပေါ်တစ်ယောက် သစ္စာစောင့်သိမှုနဲ့စောင့်စည်းသင့်တဲ့ စည်းကမ်းကို ထိန်သိမ်းတတ်ရမယ်။ ဒီအချက်မှာ ဘာကိုတွေ့ရလဲဆိုတော့ သူငယ်ချင်းဆိုတာ သူစိမ်းတွေ ဖြစ်နေပေမယ့် ညီအကိုမောင်နှမတွေကို ချစ်ချစ်ခင်ခင်နဲ့တစ်ယောက်နဲ့တစ်ယောက် စည်းမဖောက်ဘဲ စောင့်စည်းနေထိုင်တာမျိုးဖြစ်တယ်။ ဒီလိုစောင့်စည်းနေထိုင်တတ်မှ သူငယ်ချင်းကောင်းဆိုတဲ့အချက်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းကောင်းလို့ဆိုလိုက်တာနဲ့ အဲဒီလူတွေရဲ့ဆက်ဆံရေးဟာ ဘယ်အတိုင်း အတာထိ ရှိတယ်ဆိုတာကို မမေးပဲနဲ့သိနိုင်တယ်။ အဲဒီလိုသိနိုင်တာကြောင့်လဲ တွေ့ကြုံနေရတဲ့ လူ့ဘောင်လောကမှာ 'သူကငါရဲ့ သူငယ်ချင်းကောင်း' လို့ ပြောလိုက်တာနဲ့ ပြောတဲ့သူနဲ့ အပြောခံရသူ အတွက်ပါ ဂုဏ်ယူဝင့်ကြွားသလို ခံစားရတယ်။ ဒါဟာ သူငယ်ချင်းကောင်းတွေမှာ ဖော်ပြလို့မရတဲ့လက္ခဏာရပ်တစ်ရပ်လဲဖြစ်တယ်။
ဒီလိုလက္ခဏာရပ်တွေကိုကြည့်ပြီး ကျွန်တော့ဘဝမှာ ကြုံခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူငယ်ချင်းကတော့ မူလတန်းတက်ကတည်းက ခင်မင်ရတဲ့သူငယ်ချင်းပါ။ အခုချိန်ထိလဲ သူနဲ့ကျွန်တော်ဟာ အလွန်ကိုခင်မင်ရတဲ့ သူငယ်ချင်းအဖြစ် ရှိနေပါသေးတယ်။ အဲဒီလိုအချိန်ကြာတဲ့ထိအောင် ခင်မင်ရတဲ့အချက်တွေကတော့ များစွာရှိပါတယ်။ ထိုအချက်တွေကို တင်ပြရရင်တော့ စာတမ်းတစ်ခုလောက် ရှည်သွားနိုင်တယ်။ အဲဒီအချက်တွေတည်းမှ အချက်အနည်းငယ်ကိုသာ တင်ပြပါမယ်။ အဲဒီအချက်တွေကတော့ အထက်မှာကျွန်တော်တင်ပြခဲ့တဲ့အချက်တွေပါပဲ။
ဒါကြောင့်အခုကျွန်တော်တင်ပြခဲ့တဲ့အချက် ငါးချက်ဟာ ကျွန်တော်နဲ့သူကို ဟိုးငယ်ငယ်ကတည်းက အခုချိန်ထိ ခင်မင်ရတဲ့သူငယ်ချင်းတွေအဖြစ် တန်ဖိုးဖြတ်မရတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဒီမှာ ကျွန်တော်တတွေသိထားရမှာက သူငယ်ချင်းဆိုတာ သူစိမ်းတွေဖြစ်နေပေမယ့် ခွဲထားလို့မရတဲ့ အခင်ဆုံးမိတ်ဆွေတွေ မိသားစုတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းမိတ်ဆွေတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်စိတ်များထားရှိနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။
MSU-007