ဒီနေ့ ၃
နောက်ထပ်သွေးအလှူရှင်ကို ဆေးရုံကို ဆိုင်ကယ်ငှားပီ တက်လာခိုင်းလိုက်ပါတယ်။ဆေးခန်းဝ ကခေါင်းခါပီးထွက်လာတဲ့သူငယ်ချင်းကို ပုခုံးဘက်ပီး ဘာမှ စိတ်ဓါတ်မကျနဲ့ အားမငယ်နဲ့ ကုလို့ရတယ် ပျောက်လဲပျောက်တယ် အချိန်တော့ နဲနဲပေးရမယ် ဒီလောက်ဘဲ။
ဟုတ်လို့လား ကိုသက်ရာတဲ့ သေချာပါတယ် သူစိတ်ဓါတ် ကျသွားတာ မတက်နိုင်ဘူး သုံးယောက်စလုံး အရေးကြီးပီ နောက်တက်လာမဲ့ သွေးအလှူရှင် ဆေးရုံ အပေါ်မှာ စောင့်နေတဲ့လူနာ ကျွန်တော်အရှေ့မှာက စိတ်ဓါတ်တွေ အောက်ဆုံးအထိ ကျသွားတဲ့ သူငယ်ချင်း သူငယ်ချင်း မင်းဒီမှာ ခဏလေး အေးအေးဆေးဆး ထိုင်ပီးငါ့ကို ခဏစောင့်ပေး အသဲအထူးကု ပါရဂူ ဆရာမကြီးနဲ့ ငါလိုက်တွေ့ပေးမယ် ဟုတ်ပီလား ငါပြောပြတာထက်သူပြောတာ သေချာတယ် မင်းတွေ့မယ်မဟုတ်လား အေးငါတွေ့ချင်တယ်။ တစ်ယောက် အဆင်ပြေသွားပီ ၅မိနစ်လောက်အကြာမှာ သွေးလှူမဲ့နောက်တစ်ယောက် ရောက်လာတာနဲ့ လိုအပ်တာ အားလုံး လိုက်လုပ်ပေးလိုက်ပါတယ် သွေးစစ်ခန်းကဆရာမကို ဆရာမ အဆင်ပြေမပြေ ကျွန်တော်ကို ဖုန်းပြန်ဆက်ပေးပါ ကျွန်တော် ဟိုတစ်ယောက်ကို ဆရာဝန်နား ခဏသွားပြပေးလိုက်မယ် လို့ပြောပီး သူငယ်ချင်းကို အသဲ ဆရာဝန်ဆီ လိုက်ပို့ပေးလိုက်ပါတယ်။
MSU 032