ငါတို့ ဖြစ်ချင်တာ တွေဖြစ်လာရင်ကောင်းတယ်။ မဖြစ်လာခဲ့ရင် ပိုကောင်းတယ်။ အဲ့တာဟာ ဘုရားသခင်ရဲ့ ဆန္ဒပဲတဲ့။
sanam teri kasam ဆိုတဲ့ဇာတ်ကားထဲက စကားလေးတစ်ခွန်း။
Photo Credit
ဘ၀ ဆိုတာ ကိုယ်ဖြစ်ချင်တာတွေချည်းပဲ ဖြစ်မနေတာ လူတိုင်းသိပြီးသားပါ။
ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာနိုင်ဘူး ဆိုတာ သိနေပေမဲ့လည်း ကျွန်တော်တို့ဟာ ဖြစ်မလာရင် စိတ်ညစ်တယ်ပူေ ဆွးတယ်။ ဒေါသဖြစ်တယ်။ ၀မ်းနည်းတယ်။ ပူလောင်တယ် ပင်ပမ်းတယ်။
ဖြစ်ချင်တာတွေဖြစ်မလာရင် ဒီလို ပူလောင် ၀မ်းနည်း ယူကြုံးမရဒေါသတွေကို မခံစားရအောင် ဘယ်လိုများ နေထိုင်ကြမလဲ။
ဘုရားသခင် ရှိတာ မရှိတာ မတွေးဘဲ ခနထားလိုက်ရအောင်။
ကံဆိုတာ ရှိတယ်မရှိဘူး မငြင်းဘဲ ခနဖယ်ထားလိုက်ရအောင်။
ကိုယ်တွေဖြစ်ချင်တာဖြစ်မလာတဲ့အခါ ဒါဟာ ဘုရားသခင်က ပိုကောင်းတဲ့ အဖြစ်အပျက်ဖြစ်စေမှာ ဆိုတဲ့ ယုံကြည်ချက် တွေးလုံးဟာ လတ်တလော လက်တွေ့ ဘ၀မှာတော့ အေးချမ်းသွားစေတယ်။
ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ ဒါဟာ ငါ့ကံပါပဲ ဆိုတဲ့ဖြေသိမ့်မှုဟာ လတ်တလော အပူတွေကို သက်သာသွားစေတယ်။
တကယ်တော့ လောကမှာ အမှန်ရှိတယ် မရှိဘူးဆိုတာထက် လက်တွေ့မှာအဆင်ပြေစေဖို့ကပိုအရေးကြီးတယ်မဟုတ်ဘူးလား။
လောကမှာရှိတဲ့အရာတိုင်းဟာ ကောင်းခြင်းမကောင်းဘူး ဆိုတာ ရှိမနေဘူးရယ်။ ခံယူသူနှလုံးသွင်းသူအပေါ်မူတည်ပြီးတော့သာကောင်းတယ်မကောင်းဘူးဖြစ်သွားကြတာ။
မယုံကြည်သူတွေ အမြင်ကနေ ကံ ဆိုတာက ငပျင်း တွေယုံတာ ဂျင်းတွေပါလို့ မည်သို့ပင်ပြောနေပါစေ
လတ်လောမှာ အသုံးချတတ်သူ အသုံးဝင်အောင် နှလုံးသွင်းနိုင်သူအတွက်တော့ အဲ့တာဟာ လတ်တလောအေးချမ်းစေတယ်။ နေရာတိုင်း ကံပုံချနေရင်တော့ အဲ့တာက ဆိုးကျိုးဖြစ်စေတော့မပေါ့။ ဒါတွေက ကံဆိုတာကိုယုံကြည် မယုံခြင်းနဲ့မဆိုင်ဘဲ လောက အရှိတရား(တကယ် ရှိမ၇ှိထက် အခေါ်အဝေါ်အရရှိနေတဲ့အရှိတစ်ခု) အပေါ်မှာ အသုံးချတဲ့သူအပ်ါမှာ မူတည်ပြီး ကောင်းတာဆိုးတာကဖြစ်သွားတာပါပဲ။
တကယ်တော့ ကျွန်တော်တို့လိုအပ်တာ အမှန်တရား ဆိုတာထက် ကျွန်တော်တို့ လိုအပ်တာ ဘ၀ ကို အေးချမ်းသာယာစွာဖြတ်သန်းသွားနိုင်ဖို့ပဲ ပိုလိုအပ်တယ်လို့ တွေးမိလာတယ်။
ဘာလို့ဆို အချို့အမှန်တရားတွေက သိပ်ပူလောင်ခါးသီးလွန်းတယ်။
ဒါပေမဲ့ အဲ့လို အခါးကိုမှ မက်မက်မောမော တပ်မက်တတ်သူတွေလည်း ရှိနတာကြောင့်အမှန်တရားဆိုတာမရှာသင့်ဘူးရယ်လို့လည်း ပြောလို့မဖြစ်ပြန်ဘူး။
အချို့အမှန်တရားတွေဟာ ယခင်ယုံကြည်မှုတွေကိုရိုက်ချိုးဖျက်စီးတတ်တယ်။ အဲ့အခါအရမ်းခံစား၇ခက်တာပဲ။
ဒါပေမဲ့ တစ်ခါတစ်ရံ ကိုယ့်ယုံကြည်မှုတွေပျက်စီးပြီးမှ ဆက်သိလာရတဲ့ အတွင်းအနှစ်သာရ အမှန်တရားတွေကျတော့လည်း အရမ်းကို ချိုမြန်နေပြန်ရော။ ခါးတယ် ချိုမြန်တယ်ဆိုလို့ အရသာလျှာကသိတယ်ဆိုတဲ့ အရသာတွေကိုသွားတွေးမိရင်လည်း ခက်ဦးယ်။
တကယ်တော့ ဘာကို ယုံတယ်မယုံဘူး ဆိုတာက သိပ်ပြဿနာ မရှိပါဘူး။ ဘယ်လိုကျင့်သုံးတယ် ဘယ်လိုနှလုံးသွင်းတယ်ဆိုတာကသာ ပိုအရေးကြီးတယ်ထင်မိတာပဲ။
Kyaw Thu Ra
Msu 056