ဖတ်ချင်လားမဖတ်ချင်လားမသိ ရေးစရာ အာရုံသိပ်မရတော့ ရတာရေးလိုက်ဦးမယ်။
အဝေးပြေးလမ်းတွေမှာ ကားမောင်းနေရင်း လမ်းမှာသတိထားမိတာက အဝေးပြေးလမ်းတွေရဲ့ ဘေးတစ်ဘက်စီမှာ ကားတစ်စီးစာနီးပါးရှိတဲ့ လမ်းတွေကို သတိထားမိလိုက်တယ်။ အဲ့လမ်းတွေကနေ ဘယ်ကားမှလည်းမမောင်းကြဘူး။ပိုထူးဆန်းတာက ကားတွေမောင်းနေတဲ့ လမ်းကနေ အဲ့ဒီဘေးက ဖယ်ထားတဲ့လမ်းပေါ်ရောက်ခါနီးလေးမှာ အောက်ပုံထဲကလို အထစ်လေးတွေလုပ်ထားတာပါပဲ။
အဲ့အထစ်လေးတွေက ဘာအတွ့်လုပ်ထားတာလဲဆိုတာကို စိတ်ဝင်စားလို့ မေးကြည့်တော့ ကားမောင်းနေတဲ့အကိုက ခနစောင့်နေ ပြမယ်ဆို ပြောပါတယ်။ ခနနေ နေက်ကားတွေလည်းရှင်းတော့မှ သူမောင်းနေတဲ့ ပုံမှန်လမ်းပေါ်ကနေ ဘေးက ဖယ်ထားတဲ့ လမ်းလေးပေါ်ကို ကားကို နည်းနည်းဆွဲချလိုက်ပါတယ်။ ၀ရူးရူး ဆိုတဲ့အသံမျိုးနဲက ကားတစ်စီးလုံး တုံခါသွားပါတော့တယ် ။
အကိုကမေးတယ်။ အဝေးပြေးလမ်းမှာမောင်းနေတဲံသူက အိပ်ငိုက်သွားပြီးအဲ့လမ်းလေးပေါ်ကို ခနကလိုဖြတ်မိရင်ဘယ်လိုနေမလဲတဲ့ လန့်နိုးသွားမှာပေါ့လို့။ တကယ်ပါပဲ။ ဘာမှမဟုတ်တဲ့ စနစ်လေးနဲ့ ဥာဏ်ကိုသုံးပြီး လူတွေရဲ့ အသက်တွေို့ကာကွယ်ထားပေးတာ။ နောက်ဘေးက ဘယ်ကားမှ မမောင်းဘဲချန်ထားတဲ့လမ်း ၂ခုဟာလည်း ကားပျက်တဲ့အခါဘေးချထားလိုက်ခြင်းဖြင့် နောက်ကားတွေမပိတ်အောင် ကြိုပြီး ဖြေရှင်းပေးထားတာပါပဲ။ ဘယ်နေရာကြည့်ကြည့် လူတွေ အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးနေတာ ပိုကောင်းအောင်ပြင်ဆင်နေတာတွေက ပြည်သူလူထုကို အရမ်းကို စေတနာထားတဲ့ အုပ်ချုပ်သူတွေ နဲ့ ပြည်သူကိုတကယ်အခြေပြုတဲ့စနစ်ဖြစ်နေတာကိုကြည့်ပြီး ဘာကိုအားကျပြီါ်ဘယ်လိုဖြစ်ချင်နေမယ်ဆိုတာတော့ အထွေအထူးပြောစရာလိုမယ်မထင်တော့ပါဘူးခင်ဗျာ။
Kyaw Thu Ra
MSU - 056