အရာရာ ကိုယ့်ပေတံနဲ့တိုင်းပြီးမတူတာတတွေကို အသိအမှတ်ပြုပေးနိုင်တဲ့ စိတ်အခြေနေမျိုးမရှိနိုင်သေးရင်တောင် ဥပေက္ခာပြုထားနိုင်တဲ့ စိတ်အခြေနေမျိုးလောက်တော့ ရှိသင့်တယ် ထင်မိတယ်။
လူတစ်ယောက် လူတစ်စု ရဲ့ လုပ်ရပ်တွေမှားနေတယ်လို့ ကိုယ့်ပေတံနဲ့တိုင်းပြီးထင်မြင်ယူဆတဲ့အခါ လူအများစု တုန့်ပြန်တဲ့ အခြေနေ ၃ မျိုးလောက် ရှိတာ မြင်မိတယ်။
တချို့က ငါ့ပေတံနဲ့မကိုက်ပေမဲ့ အခြားပေတံတွေနဲ့ကိုက်တာမို့ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ။ ကိုယ်လက်မခံနိုင်ပေမဲ့ ဒါတွေကို လိုက်လံထိုးနှက်ရှုံ့ချမနေဘူး။ ဒါမျိုး ကျင့်သုံးနိုင်သူအများစုဟာ ပေတံအစုံကိုလေ့လာသိရှိထားသူတွေဖြစ်နေတတ်တယ်။ နိုင်ငံတကာယဉ်ကျေးမှု အယူဝါဒတွေကို လေ့လာထားပြီး အမြင်ကျယ်သူ ရင်ကျယ်သူတွေ ဖြစ်တာများတယ်။ တချို့ကတော့ ဘာမှ မလေ့လာထားပေမဲ့ ကိုယ့်အလုပ်ကိုယ်လုပ် သူများအလုပ်လိုက်မရှုပ်ဘဲ ကိုယ့် privacy နဲ့ကိုယ်နေတတ်တဲ့အကျင့်ရှိသူတွေလည်းအဲ့လိုကျင့်သုံးကြတယ်။ အာရှဘက်မှာတော့ လူနည်းစုတွေပေါ့။
တချို့က ကိုယ့်အယူအဆ ကိုယ်ပေ့တံနဲ့မကိုက်ညီတဲ့အခါ အခြားသူတွေို့ ဂရုဏာသက်ပြီးလမ်းမှန်ပြချင်တာ။ တနည်းပြောရင် ကိုယ့်အယူအဆတွေကို လိုက်လက်ခံစေချင်တာ။ ကိုယ့်အမှန်တရားကသာ အမှန်မို့ ကျန်တဲ့သူတွေကိုစေတနာနဲ့ မှန်စေချင်တာ။ တစ်ဘက်ကလက်ခံတာမခံတာသူသိပ်စိတ်မ၀င်စားတတ်ဘူး။ သူတို့သိတဲ့အမှန်ကို ပြောပြပြီး တစ်ဘက်ကမှားနေကြောင်းစေတနာနဲ့ လမ်းပြတတ်တဲ့သူမျိုးတွေဖြစ်တယ်။ ဒါမျိုးကျင့်သုံးသူတွေ အများစုက ၀ါဒတစ်ခု အယူအဆတစ်ခုထဲကိုသာ လေ့လာထားပြီး အမြင်ကျယ်သူနည်းတယ်။ ဗဟုသုတ ပြည့်စုံသူလည်းနည်းတယ်။
နောက်တမျိုးကတော့ ကိုယ့်အသိ ကိုယ့်ပေတံနဲ့ မကိုက်ရင် တစ်ဘက်သားကို ထိုးနှက်တာ တိုက်ခိုက်တာ ရှုံ့ချတာ မကောင်းပြောတာမျိုး လုပ်တတ်ကြတယ်။ ဒီလို ကျင့်သုံးသူက အများစုဖြစ်တယ်။ သူတို့သိထားတဲ့အသိအ၇မ်းနည်းပါးတတ်တယ်။ ပတ်ဝန်းကျင် နယ်ပါယ်ကျယ်ကျယ်နဲ့မဆက်ဆံဖူးသူတွေဖြစ်တာများတယ်။ ဗဟုသုတ အလွန်တရာအားနည်းပြီး သူတို့ကိုယ်သူတို့ ယဉ်ကျေးသူတွေ လို့ ထင်တလုံးနဲ့ဘ၀င်မြင့်နေပေမဲ့ တကယ်တော့ အလွန်တရာယဉ်ကျေးမှု ခေါင်းပါးသူတွေ စိတ်ဓါတ်ရင့်ကျက်မှုအားနည်းသူတွေကျင့်သုံးတတ်တာ များပါတယ်။ ကိုယ်လေ့လာထားတဲ့ကိစ္စ ဟုတ်ဟုတ်မဟုတ် ဘာမဆို ၀င်ပါလိုက်ရမှ ၀င်ဝေဖန်လိုက်ရမှ ကိုယ့်အမြင်နဲ့မတူရင် ဖောင်းထုလိုက်ရမှ နေသာထိုင်သာရှိတတ်တဲ့သူတွေဖြစ်တာမို့ များသောအားဖြင့် အလုပ် သိပ်မလုပ်ရတဲ့သူတွေ တာဝန်ယူရမှု နည်းတဲ့သူတွေမှာ အဲ့လိုအမူအကျင့်တွေမြင်ရလေ့ ရှိပါတယ်။
Kyaw Thu Ra
MSU 056
Photo credit - https://www.canstockphoto.com/illustration/debating.html