relativity theory ဆိုတာ ဘာလဲ လို့ အိုင်စတိုင်းကို မေးတယ်ဆိုပါစို့။
သူငယ်တန်းကလေးမေးတာကိုဖြေတဲ့အဖြေ
အထက်တန်းကလေး မေးတာ ကိုဖြေတဲ့အဖြေ
စာမတတ်သူ မေးတာကိုဖြေတဲ့အဖြေ
ရူပဗေဒကျောင်းသား မေးတာကိုဖြေပေးမဲ့ အဖြေ
စကြာဝဋာဆိုင်ရာတွေလေ့လာနေသူကမေးတာကို ဖြေမဲ့အဖြေ
အဲ့ထက်ပိုလေ့လာထားသူကိုဖြေတဲ့ အဖြေ။
အဖြေတွေအကုန်က တူနိုင်ပါ့မလား။
သူငယ်တန်းကလေးကို ဖြေထားတဲ့အဖြေကို တစ်ခါကြားဖူးတာနဲ့ အဲ့အဖြေဟာ နောင်လာလတ္တံ့သော လူသားအားလုံးရဲ့ relativity theory ဆိုတာ ဘာလဲ ဆိုတဲ့ အမေးအတွက် တစ်ခုထဲသောအဖြေပါဆို ကိုင်ပြီး ပြောနေလို့ရပါ့မလား။
ဒီအဖြေက အိုင်းစတိုင်းဖြေထားတာ မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။
မှားလား ဆိုတော့လည်း မမှားဘူး။ဒါပေမဲ့ အဲ့အဖြေက ဘယ်သူ့အတွက် ဖြေထားတာလဲ ဘယ်သူ့အတွက် အမှန်တရားလဲ ဆိုတာကိုသိမှ ဘယ်သူ့အတွက်ကတော့ ဒီအဖြေနဲ့မလုံလောက်ဘူးဆိုတာသိမယ်။
အဲ့လိုပဲ တမန်တော်တွေ ဘုရားတွေဆိုတာကလည်း လူသမျှလူအားလုံးကို တစ်ပုံစံထဲ တစ်ခုထဲကိုပဲ တစိုက်မတ်မတ်ပြောနေတာ မဟုတ်ဘူး။ဦးတည်ချက်ကတစ်ခုထဲ ၊ လူတိုင်းအတွက် တရားတစ်ခုထဲဆိုပေမဲ့ လူအပေါ်မူတည်ပြီး ဟောပြောနေကြတာပဲ။ တရားတစ်ခုကိုပဲ အလွတ်ကျက် နေရာတကာအဲ့တာပဲပြန်ရွတ်ပြနေတာလည်းမဟုတ်ဘူး။
သူဖုန်းစားကိုပြောတာနဲ့ ဘုရင်ကိုဟောတာကလည်း ထပ်တူ တူနေမယ်လို့တော့ အသေအချာယူလို့မှမရတာ။
တစ်ချို့ကလည်း ဆရာဝန်က လူတစ်ယောက်ကို ပါရာစီတမော ပေးနေတာမြင်တိုင်း နေမကောင်းဖြစ်ရင် ပါရာစီတမော သောက်ရမယ်ဆို အသေမှတ်ထားတဲ့သူတွေလည်းရှိတယ်။အကျယ်ချဲ့ပြောရင် ပြောစရာတွေ အများကြီးကျန်သေးတယ်။ နေရာတကာလည်း ၀င်၇ှင်းမပြချင်။ နေရာတကာလည်းလိုက်မငြင်းချင်။ အကုန်သိ အကုန်တတ် မဟုတ်ပေမဲ့ အသိဥာဏ် အတန်အသင့်အလုပ်လုပ်နိုင်နေပြီမို့ ဆေးနည်းတစ်ခုဟာ ၉၆ပါးရောဂါအတွက် ပျောက်စေ တယ်ဆိုတာမျိုးကိုတော့ လက်မခံနိုင်တော့တာ သေချာတယ်။
လူတိုင်း ကိုယ့်အနာနဲ့ ကိုက်ညီတဲ့ဆေးတွေ့နိုင်ကြပါစေလို့ဆန္ဒပြုလျှက်