steemit မှာ စပိုစ်တင်ဖြစ်ပြီးနောက်ပိုင်း တစ်ခု တွေးစရာဖြစ်လာတယ်။ steemit ဆိုတာက တစ်ယောက်တပြန် vote ပေးပြီး ငွေလှည့် ထုတ်ကြတဲ့ စနစ်ကြီးလား။ တနည်းအားဖြင့် မရိုးသားမှု ပါနေလေသလားပေါ့။ နောက်မှ steemit ဆိုတာ မန်ဘာတွေဝိုင်းပြီး mining လုပ်နေတဲ့ စနစ်တစ်ခုဆိုတာသိလာရပါတယ်။ ပြော၇ရင်တော့ post တင်တာ Vote တာ အားလုံးက အလုပ်လုပ်တာပါပဲ။ action တွေပဲပေါ့။ လှုပ်ရှားမှု တိုင်းမှာ စွမ်းအင်ထွက်တယ်ဆိုရင် post and vote က လှုပ်ရှားမှုတွေဖြစ်ပြီးတော့ ပြန်ရတဲ့ steemit coin ဟာ စွမ်းအင်ပေါ့။
သာမန်ရိုး၇ိုး ပြန်တွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ အချိန်အတော်များများပေးသုံးနေတဲ့ facebook နဲ့ ယှဉ်ကြည့်ရအောင်။
Facebook မှာ ပိုစ် တင်လို့ရတယ်။ Comment လို့ရတယ် ။ reply လို့၇တယ်။ ကြိုက်တဲ့ ပိုစ်တွေကို Like ပေးလို့ရတယ်။
ဒီလိုပါပဲ steemit မှာလည်း post တင်လို့ရတယ်။ Comment လို့ရတယ် ။ reply လို့၇တယ်။ ကြိုက်တဲ့ ပိုစ်တွေကို Vote ပေးလို့ရတယ်။
Facebook မှာ ကျွန်တော်တို့ friend တွေအက်ထားလို့၇တယ်။ friend အားလုံး က ပိုစ်တင်နေတာမဟုတ်သလို friend တွေရေးတဲ့စာတိုင်းကိုလည်း ကျွန်တော်တို့ သဘောကျလွန်းနေတာလည်းမဟုတ်ပါဘူး။ သဘောကျတာလည်းပါမယ်။ မကျတာလည်းပါမယ်။
စာရေးကောင်းသူတွေကို follow ထားလို့ရတယ်။ ဘာလို့ follow ထားတာလဲဆို သူတို့ ရေးတာလေးတွေဖတ်ချင်လို့ပေါ့။
ကိုယ့်နယူးဖိမှာလာပေါ်တာတွေထဲက အချို့ကို သဘောကျလို့ like ပေးတယ်။ အချို့ကိုကျတော့ သဘောမကျလို့ကျော်သွားတယ်။ အချို့ကျတော့ သဘောကျတာမကျတာထက် အသိတွေတင်တာမို့like ပေးတယ်။ အဲ့လိုပါပဲ
Steemit မှာလည်း ကျွန်တော်တို့ Follow ထားကြတယ်။ တကယ်စာဖတ်ချင်လို့ follow တာလည်းရှိမယ်။ ပိုစ်တွေကို Vote တဲ့အခါမှာလည်း သဘောကျလို့ Vote တာလည်းရှိမယ်။ သဘောမကျပေမဲ့ သူလည်း vote ရပါစေဆို Vote တာလည်းရှိမယ်။ ကိုယ့် like ကိုဘာရယ်မဟုတ် နယူးဖိပွတ်ရင်းပေးသွားနိုင်တယ်ဆိုရင် ကိုယ့် vote တစ်ချက်က ဘယ်သူမှ မနစ်နာဘဲ အကျိုးရှိတယ်ဆို ဘာလို့ vote လေးတစ်ချက် steemit မှာမနှိပ်နိုင်ရမှာလဲ။
ဒီသဘောပါပဲ။ steemit ဆိုတာ facebook လို social တစ်မျိုးပါပဲ။ သူ့အားသာချက်က ငွေရတယ်။
ဒါဆို ဘာလို့ အရေးတယူ တစိုက်မတ်မတ်မလုပ်ကြတာလဲ။
လူအတော်များများက ကိုယ့်ဖီလင်လာရာကိုသာ အားသန်ကြတယ်။ steemit မှာ ပါစင်နယ် စိတ်ခံစားချက်သက်သက်ရေးတာထက် စာရှည်ရှည် အကျိုးရှိတာကိုရေးကြရတယ်။ သူများစာတွေကော်ပီပြန်တင်ရင်သိပ်အဆင်မပြေဘူး။ နောကှ်ွေုတကယ်ဝင်ငွေရဖို့ အချိန်ကြာတယ်။ အများစုက အဲ့တာကိုသီးမခံချင် ။ ခုလုပ်ခုရချင်တယ်။ တစ်ဘက်ကတွေးရင် function ချင်းတူပါလျှက် နဲ့ ကိုယ်က ငွေကုန်ခံပြီး သုံးရတဲ့ facebook ကို လူပိုစိတ်ဝင်စားပြီးတော့ ငွေပြန်ရတဲ့ steemit ကိုကျတော့ စိတ်ဝင်စားမှုအားနည်းနေလဲဆိုတာကတော့ လေ့လာချင်စရာအကြောင်းတွေအများကြီး ရှိနေပါလိမ့်ဦးမည်။
ကျွန်တော်ကတော့ စာရေးကောင်းသူတွေ steemit မှာ ၀င်လာစေချင်တယ်။
ကျွန်တော် မသိသေးတဲ့ steemit အကြောင်းလေးတွေလည်း ရေးပေးသွားကြမယ်လို့ မျှော်လင့်ပါတယ်။
ကျော်သူရ
Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056