Zawgyi Version
ေခါင္းေဆာင္မႈဆိုတဲ့ ေဝါဟာရကို လူတိုင္းက အမ်ိဳးမ်ိဳး အဓိပၸါယ္ ဖြင့္ဆို ေဖာ္ျပခဲ့ၾကပါတယ္။ သို႔ေပမဲ့ ကၽြန္ေတာ္ကေတာ့ အေမရိကန္ စာေရးဆရာႀကီး John C Maxwell ေျပာတဲ့ ေခါင္းေဆာင္တစ္ဦးရဲ႕ အဓိပၸါယ္ကို ပိုၿပီး သေဘာက်ပါတယ္။
သူရဲ႕အဆိုက-"ေခါင္းေဆာင္တစ္ေယာက္ဆိုတာ လမ္းကိုသိတဲ့သူ၊ သိတဲ့လမ္းကိုလည္း သြားေနသူ၊ ၿပီးေတာ့ လမ္းကိုျပတဲ့သူ"လို႔ သူက အဓိပၸါယ္ဖြင့္ေပးထားပါတယ္။ အလြန္ရိုးရွင္းၿပီး အလြန္ၿပီးျပည့္စံုတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ေလးပါပဲ။
ယခုေဖာ္ျပေပးမဲ့ အခ်က္ေတြကေတာ့ မေကာင္းတဲ့လူေတြၾကားကေန ေခါင္းေဆာင္ေကာင္းေတြ ေပၚထြက္လာဖို႔ အေရးႀကီးတဲ့ ေခါင္းေဆာင္မႈ အရည္အခ်င္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
(1)Honesty and Integrity(ရိုးသားျခင္းနဲ႔ ေျဖာင့္မက္ျခင္း)
https://steemit.com/msu/@kyawzinwin14/ekhangesaangekangetyatyk-iesaangm-ayanyaundefinedngundefined-1-fd43b2a8ad801
(2)Confidence(ယံုၾကည္မႈ)
အရည္အခ်င္းရွိတဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ ျဖစ္လာဖို႔ဆိုရင္ မိမိရဲ႕ အမိန္႔အာဏာကို အျခားသူေတြ လိုက္နာဖို႔ ေသခ်ာေလာက္တဲ့ ယံုၾကည္မႈ ရွိဖို႔လိုပါတယ္။ မိမိရဲ႕ ဆံုးျဖတ္ခ်က္ေတြ အရည္အခ်င္းေတြေပၚမွာ မိမိကိုယ္တိုင္က ယံုၾကည္မႈ မရွိလၽွင္ မိမိ၏ လက္ေအာက္ငယ္သားေတြကလည္း မိမိအေပၚ ယံုၾကည္မႈ ကင္းမဲ့လာၿပီး မိမိ၏အမိန္႔ကို လိုက္နာမႈ မရွိ ျဖစ္လာတက္ပါသည္။ မိမိ၏ လက္ေအာက္ငယ္သားေတြ ရိုေသေလးစားဖို႔ ယံုၾကည္မႈအျပည့္အဝထားၿပီး ေရွ႕ေဆာင္လမ္းျပေပးဖို႔ လိုအပ္မွာလည္း ျဖစ္ပါတယ္။ သို႔ေပမဲ့လည္း မိမိကိုယ္ကို ယံုၾကည္မႈ မလြန္ကဲဖို႔လည္း လိုအပ္ေသးသည္။ လက္ေအာက္ငယ္သားေတြက ယံုၾကည္အားထားရတဲ့ ေခါင္းေဆာင္တစ္ေယာက္အျဖစ္ မိမိကိုယ္ကို ယံုၾကည္လက္ခံကာ အလုပ္တစ္ခုကို ရဲရဲဝံ့ဝံ့ လုပ္ေဆာင္ရဲဖို႔ပဲ လိုအပ္တာပါ။ မိမိကိုယ္ကို ယံုၾကည္မႈ လြန္ကဲပါကလည္း အမွားအယြင္းမ်ား ျဖစ္ေပၚလာႏိုင္သည္။
ေခါင္းေဆာင္ေကာင္းတစ္ေယာက္အတြက္ မိမိကိုယ္ကိုယံုၾကည္မႈရွိရန္ႏွင့္ ယံုၾကည္မႈမလြန္ကဲရန္ အေရးႀကီးေပသည္။
Refernce & Photo - Taskque & google
Unicode Version
ခေါင်းဆောင်မှုဆိုတဲ့ ဝေါဟာရကို လူတိုင်းက အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆို ဖော်ပြခဲ့ကြပါတယ်။ သို့ပေမဲ့ ကျွန်တော်ကတော့ အမေရိကန် စာရေးဆရာကြီး John C Maxwell ပြောတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အဓိပ္ပါယ်ကို ပိုပြီး သဘောကျပါတယ်။
သူရဲ့အဆိုက-"ခေါင်းဆောင်တစ်ယောက်ဆိုတာ လမ်းကိုသိတဲ့သူ၊ သိတဲ့လမ်းကိုလည်း သွားနေသူ၊ ပြီးတော့ လမ်းကိုပြတဲ့သူ"လို့ သူက အဓိပ္ပါယ်ဖွင့်ပေးထားပါတယ်။ အလွန်ရိုးရှင်းပြီး အလွန်ပြီးပြည့်စုံတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးပါပဲ။
ယခုဖော်ပြပေးမဲ့ အချက်တွေကတော့ မကောင်းတဲ့လူတွေကြားကနေ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာဖို့ အရေးကြီးတဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(1)Honesty and Integrity(ရိုးသားခြင်းနဲ့ ဖြောင့်မက်ခြင်း)
https://steemit.com/msu/@kyawzinwin14/ekhangesaangekangetyatyk-iesaangm-ayanyaundefinedngundefined-1-fd43b2a8ad801
(2)Confidence(ယုံကြည်မှု)
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုရင် မိမိရဲ့ အမိန့်အာဏာကို အခြားသူတွေ လိုက်နာဖို့ သေချာလောက်တဲ့ ယုံကြည်မှု ရှိဖို့လိုပါတယ်။ မိမိရဲ့ ဆုံးဖြတ်ချက်တွေ အရည်အချင်းတွေပေါ်မှာ မိမိကိုယ်တိုင်က ယုံကြည်မှု မရှိလျှင် မိမိ၏ လက်အောက်ငယ်သားတွေကလည်း မိမိအပေါ် ယုံကြည်မှု ကင်းမဲ့လာပြီး မိမိ၏အမိန့်ကို လိုက်နာမှု မရှိ ဖြစ်လာတက်ပါသည်။ မိမိ၏ လက်အောက်ငယ်သားတွေ ရိုသေလေးစားဖို့ ယုံကြည်မှုအပြည့်အဝထားပြီး ရှေ့ဆောင်လမ်းပြပေးဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ သို့ပေမဲ့လည်း မိမိကိုယ်ကို ယုံကြည်မှု မလွန်ကဲဖို့လည်း လိုအပ်သေးသည်။ လက်အောက်ငယ်သားတွေက ယုံကြည်အားထားရတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် မိမိကိုယ်ကို ယုံကြည်လက်ခံကာ အလုပ်တစ်ခုကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲပါကလည်း အမှားအယွင်းများ ဖြစ်ပေါ်လာနိုင်သည်။
ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် မိမိကိုယ်ကိုယုံကြည်မှုရှိရန်နှင့် ယုံကြည်မှုမလွန်ကဲရန် အရေးကြီးပေသည်။
Refernce & Photo - Taskque & google