ZAWGYI VERSION
OTGလို႔ ေျပာလိုက္တာနဲ႔ သိတဲ့သူေတြ သိၾကသလို လံုးဝၾကားေတာင္မၾကားဖူးတဲ့သူေတြလည္း ရွိၾကပါတယ္။ လက္ရွိအခ်ိန္ကာလဟာဆိုရင္ လူတိုင္းလူတိုင္းဟာ ကိုယ္ပိုင္ဖုန္း ကိုယ္စီကို လက္ဝယ္ထားရွိ ကိုင္ေဆာင္လာႏိုင္ၾကပါၿပီ။ ဖုန္းေတြသာ အမ်ိဳးမ်ိဳးကိုင္ေနေပမဲ့လည္း မိမိဖုန္း OTG ရလားေကာက္ေမးလိုက္ရင္ ၁၀ေယာက္မွာ ၃ဦးေလာက္ပဲ ေသေသခ်ာခ်ာေျပာႏိုင္ပါတယ္။ က်န္တဲ့၇ႏွစ္ေယာက္မွာ ၂ဦးေလာက္ကေတာ့ သိသလိုလို မသိသလိုလို ျဖစ္ေနပါတယ္။ ေလ့လာမႈေတြ လိုအပ္ေနတယ္လို႔ ထင္ျမင္မိပါတယ္။
OTGဆိုတာဟာ အက်ယ္အားျဖင့္(USB) On-The-Goလို႔ေခၚပါတယ္။ OTGကို မိမိဖုန္းကို usb deviceေတြနဲ႔ USBကိုအေျခခံထားတဲ့ Deviceေတြနဲ႔ ၾကားခံကြန္ပ်ဴတာမလိုဘဲ တိုက္ရိုက္ ခ်ိတ္ဆက္ႏိုင္တဲ့ specification တစ္ခုျဖစ္ပါတယ္။ အကယ္၍ အေရးအေၾကာင္းနဲ႔ USB stikeထဲက dataကို ဖုန္းမွာ ၾကည့္ဖို႔လိုအပ္လာၿပီဆိုရင္ OTGကို supportေပးတဲ့ ဖုန္းေတြမွာဆို အလြယ္တကူ chargingေပၚကေနထိုးၿပီး အသံုးျပဳႏိုင္ပါတယ္။ Micro sdcard အေပါက္မပါတဲ့ ဖုန္းေတြမွာလည္း OTG memory cardျဖင့္ အလြယ္တကူ အသံုးျပဳႏိုင္ပါတယ္။ USB ကို အေျခခံျပဳလုပ္ထားတဲ့ deviceေတြျဖစ္တဲ့ keyboard,mouse,camera,tv tunner,memory cardေတြအျပင္ အျခားေသာ otgျဖင့္ သံုးလို႔ရမဲ့ deviceေတြကို မိမိဖုန္းျဖင့္ အလြယ္တကူ အသံုးျပဳႏိုင္ပါတယ္။ မိမိဖုန္းက otgကို supportလုပ္ေပးေနရင္ အျခားအျခားေသာ ဖုန္းေတြထက္ တစ္ဗန္းသားေနမွာပါ။
Otgရွိမရွိဆိုတာ ဘယ္လိုသိေအာင္ လုပ္မလဲ?
အလြယ္ကူဆံုး Methodကေတာ့ Android applicationနဲ႔ Checkingလုပ္တာ အလြယ္ဆံုးလို႔ ထင္ပါတယ္။
ေဆာ့ဝဲလ္ကို play storeကေန အခမဲ့ downloadျပဳလုပ္ၿပီး ဖုန္းမွာ checkလုပ္ႏိုင္ပါတယ္။
Play store link
https://play.google.com/store/apps/details?id=com.app.usbotgchecker&hl=en
OTGဆိုတာ ဘယ္လိုဟာလဲ? ဘယ္လိုအသံုးဝင္လဲ? ဘယ္လိုစစ္ေဆးမလဲ?
ဆိုတာေတြ သိသြားရန္ ရည္ရြယ္သည္။
အမွားပါသြားရင္ နားလည္ဖတ္ရႈေပးၾကပါရန္ ေတာင္းပန္အပ္ပါသည္။
Photo design by Kyaw Zin Win
UNICODE VERSION
OTGလို့ ပြောလိုက်တာနဲ့ သိတဲ့သူတွေ သိကြသလို လုံးဝကြားတောင်မကြားဖူးတဲ့သူတွေလည်း ရှိကြပါတယ်။ လက်ရှိအချိန်ကာလဟာဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ်ပိုင်ဖုန်း ကိုယ်စီကို လက်ဝယ်ထားရှိ ကိုင်ဆောင်လာနိုင်ကြပါပြီ။ ဖုန်းတွေသာ အမျိုးမျိုးကိုင်နေပေမဲ့လည်း မိမိဖုန်း OTG ရလားကောက်မေးလိုက်ရင် ၁၀ယောက်မှာ ၃ဦးလောက်ပဲ သေသေချာချာပြောနိုင်ပါတယ်။ ကျန်တဲ့၇နှစ်ယောက်မှာ ၂ဦးလောက်ကတော့ သိသလိုလို မသိသလိုလို ဖြစ်နေပါတယ်။ လေ့လာမှုတွေ လိုအပ်နေတယ်လို့ ထင်မြင်မိပါတယ်။
OTGဆိုတာဟာ အကျယ်အားဖြင့်(USB) On-The-Goလို့ခေါ်ပါတယ်။ OTGကို မိမိဖုန်းကို usb deviceတွေနဲ့ USBကိုအခြေခံထားတဲ့ Deviceတွေနဲ့ ကြားခံကွန်ပျူတာမလိုဘဲ တိုက်ရိုက် ချိတ်ဆက်နိုင်တဲ့ specification တစ်ခုဖြစ်ပါတယ်။ အကယ်၍ အရေးအကြောင်းနဲ့ USB stikeထဲက dataကို ဖုန်းမှာ ကြည့်ဖို့လိုအပ်လာပြီဆိုရင် OTGကို supportပေးတဲ့ ဖုန်းတွေမှာဆို အလွယ်တကူ chargingပေါ်ကနေထိုးပြီး အသုံးပြုနိုင်ပါတယ်။ Micro sdcard အပေါက်မပါတဲ့ ဖုန်းတွေမှာလည်း OTG memory cardဖြင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ USB ကို အခြေခံပြုလုပ်ထားတဲ့ deviceတွေဖြစ်တဲ့ keyboard,mouse,camera,tv tunner,memory cardတွေအပြင် အခြားသော otgဖြင့် သုံးလို့ရမဲ့ deviceတွေကို မိမိဖုန်းဖြင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ မိမိဖုန်းက otgကို supportလုပ်ပေးနေရင် အခြားအခြားသော ဖုန်းတွေထက် တစ်ဗန်းသားနေမှာပါ။
Otgရှိမရှိဆိုတာ ဘယ်လိုသိအောင် လုပ်မလဲ?
အလွယ်ကူဆုံး Methodကတော့ Android applicationနဲ့ Checkingလုပ်တာ အလွယ်ဆုံးလို့ ထင်ပါတယ်။
ဆော့ဝဲလ်ကို play storeကနေ အခမဲ့ downloadပြုလုပ်ပြီး ဖုန်းမှာ checkလုပ်နိုင်ပါတယ်။
Play store link
https://play.google.com/store/apps/details?id=com.app.usbotgchecker&hl=en
OTGဆိုတာ ဘယ်လိုဟာလဲ? ဘယ်လိုအသုံးဝင်လဲ? ဘယ်လိုစစ်ဆေးမလဲ?
ဆိုတာတွေ သိသွားရန် ရည်ရွယ်သည်။
အမှားပါသွားရင် နားလည်ဖတ်ရှုပေးကြပါရန် တောင်းပန်အပ်ပါသည်။
Photo design by Kyaw Zin Win