ခုတစ်တစ်ခါတော့ဇိမ်ခံကားတွေထဲကမှခရီးဝေးသွားရင်တောင်အိမ်မှာအိပ်နေသလိုဇိမ်ကျစေမဲ့
Lexus ကုမ္ပဏီကထုတ်လုပ်ပေးလိုက်တဲ့ Lexus Ls500hနဲ့ မိတ်ဆက်ပေးပါရစေ။
Lexus Ls500h ဟာဆိုရင် ကြီးမားကျယ်ပြန့်တဲ့ ရှဲလ် စကာကွက်ကတော့ကြီးမားကျယ်ပြန့်စွာနေရာယူထားပါတယ်။ဘေးကနေပီး Z ပုံသဏ္ဍန် မီးလုံးလေးသုံးလုံးဆင့်ထားသလို Led-headlights တွေကနေ စူးရှတောင်ပဖြာထွက်တဲ့အလင်းရောင်ကိုရရှိစေမှာဖြစ်ပါတယ်။ဇိမ်ခံကားတစ်စီးဖြစ်ပေမဲ့ဆ်ီစားသက်သာအောင် Hybrid နဲ့ထုတ်လုပ်ထားတာကတော့ထူးဆန်းလို့နေမှာပါ။
ခါတိုင်းလို အင်ဂျင်ပါဝါအမြင့်ကိုတာဗိုနဲ့တွဲဖက်ထားတာမဟုတ်ပဲ hybrid နဲ့တွဲဖက်ပေးထားပါတယ်။
Lexus Ls500hရဲ့အတွင်းခန်းဟာလဲပြောစရာမလိုအောင်လှပလွန်းလှတဲ့ကောက်ကြောင်းတွေနဲ့အမြင်ဆန်းလှပေသည်။ဒတ်ဘုတ်တွေကိုလည်းနူးညံ့အိစက်သောleather တွေနဲ့ဖုံးအုပ်ပေးထားပါတယ်။ထိုင်ခုံတွေကလဲပုံစံပြောင်းလဲမှုများစွာပြောင်းလဲလို့ရတဲ့အတွက် ကိုယ်နဲ့သင့်တော်ပြီး အဆင်ပြေစေမဲ့အနေအထားကိုရရှိစေမှာအမှန်ပါပဲ။
Lexus Ls500h ရဲ့နောက်ခန်းကတော့ လိုက်ပါစီးနင်းသူတွေကိုအလွန့်အလွန်သက်တောင့်သက်သာဖြစ်စေမှာအမှန်ပါပဲ။အိမ်မှာပက်လက်လှန်ပီးအိပ်နေသလိုထိ ထိုင်ခံကိုဖြန့်ခင်းပီးရှေ့ထိုင်ခုံကိုခြေထောက်လှမ်းတင်ထားလို့ရတဲ့အတွက် style ကျကျ ဇိမ်ရှိရှိလိုက်ပါစီးနင်းရင် TV က ဖျော်ဖြေရေးအစီအစဉ်တွေ သီချင်းတွေလည်းနားဆင်နိုင်မှာဖြစ်လို့သွားလိုရာခရီးကိုရောက်လို့ရောက်မှန်းမသိအောင်အလျင်အမြန်ရောက်ရှိသွားမှာဖြစ်ပါတယ်။
အင်ဂျင်ပါဝါအနေနဲ့ကတော့Lexus Ls500h ကို 3500CC ကိုဟိုက်ဘရစ်နဲ့ပူးတွဲပေးထားတဲ့အတွက် 299 hp ကိုရရှိစေမှာဖြစ်ပါတယ်။ဒီထက် high performance နဲ့လိုချင်တယ်ဆိုရင်တော့ Lexus Ls500 F sport ကတော့ 3500 CC ကိုပဲ twin turbo ပေါင်းစပ်ပေးထားတာမို့ 422 hp ရရှိမှာဖြစ်ပါတယ်။တစ်ခြားကားတွေလိုမဟုတ်ပဲ 6 cylinders နဲ့ 10 speed automatic transmission သုံးပေးထားတဲ့အတွက်ဆီစားတော့သက်သာစေမှာဖြစ်ပါတယ်။
မြန်မာပြည်မှာ တော့ဝယ်စီးဖို့တော့မဖြစ်နိုင်လောက်ဘူးဗျ။နိုင်ငံခြားမှာတောင် ကားတန်ဖိုးချည်းပဲ သိန်း ၂၀၀၀ ရှိတယ်ဆိုတော့ရင်လေးစရာပင်။